မနက်ခင်းတွင် ပန်းသည်များလာပြီးနောက်တွင် အနီသွေးက ဇိမ်းအားနှင်ထုတ်လျက်ရှိသည်။ သို့သော် ဇိမ်းက ပေကပ်နေကာ ပန်းရောင်သွေးနှင့်ဆော့နေပါ၏။ ယခုဆိုလျှင် နှင်းဆီခြံထဲလာနေကျ ဇိမ်းအား ပန်းရောင်သွေးကမျက်မှန်းတန်းမိပြီး သူ၏ ကစားဖော်ကစားဖက်အဖြစ်မှတ်ယူထားပြီဖြစ်သည်။ ထိုလူက သူ့ဦးလေးကိုပိုးပန်းနေတာ မသိပဲနဲ့ပေါ့။
ထိုအချိန်တွင်ပင် အနီသွေး၏ ဖုန်းကမြည်လာခဲ့၏။ ဇိမ်းမှာ အနီသွေး၏ဖုန်းမြည်သံအားကြားသော် ချက်ခြင်းပက်မျက်နှာပျက်သွားတော့သည်။ သူ့စိတ်ထဲ၌ ပြောနေသည့်စကားမှာလည်း "အဲဒီမိန်းမ မဖြစ်ပါစေနဲ့ အဲဒီမိန်းမ မဖြစ်ပါစေနဲ့"ဟူ၍။
ဇိမ်း၏ ဆုတောင်းကားပြည့်ခဲ့သည်။ အနီသွေးက သူမနဲ့စကားပြောနေတာမဟုတ်ပဲ မနက်ဖြန်မှာယူထားသည့်ပစ္စည်းအား ဘယ်နှနာရီ၌လာပို့ပေးရန်သာ ပြောနေခြင်းပင်။
ဇိမ်းမှာ အနီသွေးဖုန်းပြောပြီးတော့ အနားသို့ယောင်လည်လည်နှင့် သွားလိုက်ပြီး မေးလိုက်၏။"ဦးသွေး ဘာမှာနေတာလဲ အပင်အားဆေးတွေလား"
အနီသွေးမှာ ခေါင်းရမ်းလာသည်။ သူက ပန်းရောင်သွေးအားလှမ်းကြည့်ရင်း ပြန်ဖြေ၏။
"မနက်ဖြန် နီနီရဲ့ ခုနှစ်နှစ်ပြည့်မွေးနေ့လေ
မွေးနေ့ကိတ်မှာထားတာ"အနီသွေးက ထိုစကားပြောနေရင်းမပြုံးပါချေ။ သူ၏မျက်ဝန်းထဲတွင် ဝမ်းနည်းမှုများပါရှိနေသေးသည်။ ဇိမ်းမှာ နားလည်ပါ၏၏
"အမကို သတိရလို့လား"
အနီသွေးမှာ ဖုန်းကိုပိတ်လိုက်ပြီးခေါင်းငြိမ့်လာသည်။ သူ့ရဲ့အမက နီနီကိုမွေးပြီး မကြာခင်မှာတင်ဆုံးပါးသွားတာဖြစ်လို့ အခုဆိုရင် ခုနှစ်နှစ်နီးပါးတောင်ရှိခဲ့ပြီဖြစ်သည်။ အကယ်၍ နီနီသာ သူ့ဘဝထဲ၌ မကျန်ရစ်ခဲ့ပါမူ ယခုချိန်၌ သူဘယ်သို့ဖြစ်နေမယ်မှန်း မတွေးတတ်ပါချေ။ ဒီကလေးမလေး သူ့အနားရှိနေလို့သာ သူက ကောင်းမွန်စွာရှင်သန်နေခဲ့တာဖြစ်သည်။
ဇိမ်းမှာ အနီသွေးအားကြည့်ရင်း ပြုံးလိုက်ပါ၏။ ဒီလူ့တွင် နူးညံတတ်သည့် တစ်ဖက်ခြမ်းလည်းရှိနေသေးသည်။ ဒါကို သူသိပ်သဘောကျတာပါပဲ။
![](https://img.wattpad.com/cover/240813149-288-k355757.jpg)
BINABASA MO ANG
နှင်းဆီပုံပြင်/နှင်းဆီပုံပြင်(Completed)