"ဘယ်သူက မင်းကို ငါ့ခြံထဲညဘက်ဝင်ခွင့်ပြုနေလို့လဲ!!"
ထိုကဲ့သို့အော်သံမျိုးတွေကို ဇိမ်းတို့ကအသားကျနေပြီဖြစ်ရာ သွားဖြီးထားရုံအပြင် တခြားမျက်နှာပျက်စရာကားမရှိပေ။
လေအေးတွေတိုက်နေတဲ့ဆောင်းရာသီရဲ့ ညဘက်ကြီးမှာ ကိုယ်ချစ်ရသူလေးက ဒီလိုမျိုး တစ်ယောက်ထဲထိုင်ဆွေးနေတဲ့မြင်ကွင်းကို ဘယ်သူကများကြည့်နေနိုင်မှာလည်း။
အဲလိုမျိုး ကြည့်မနေနိုင်လို့လာခဲ့တာပါလို့အမှန်တိုင်းပြောပြန်ရင်လည်း ဦးအနီသွေးတို့က အကောင်းမြင်ပေးမှာမှမဟုတ်ပဲလေ။
"ရာသီဥတုကအေးနေတာကို ဘာလို့လက်ရှည်မဝတ်ထားတာလဲ အအေးကြိုက်ရင်တောင်အပါးလေးဖြစ်ဖြစ်ဝတ်ထားလေ"
ပြောရင်းနဲ့ပင် ဝိုင်ပုလင်းနဲ့ဖန်ခွက်ကိုကွပ်ပြစ်ပေါ်ချထားခဲ့ပြီး ဦးသွေးအတွက်လက်ရှည်ယူပေးဖို့ အိမ်ထဲဝင်ခဲ့၏။အိမ်ထဲရောက်တော့ ပန်းသွေးက ဇိမ်းကို ကြောင်ကြည့်နေသေးပေမယ့် ခဏနဲ့ပဲ သူ့ဇာက်ကားသူပြန်ကြည့်သွားတာဖြစ်လို့ ဇိမ်းလည်း ဘာမှပြောမနေတော့ပဲ ဦးသွေးအခန်းထဲက လက်ရှည်တစ်ထည်ဆွဲယူပြီးပြန်ထွက်လာတဲ့ထိ ဦးသွေးဆိုတာက ခုထိသူ့ကိုကြောင်ကြည့်နေတုန်း။
မကြည်ကြည့်တွေဆိုပေမယ့် အရင်လောက် ခက်ထန်မနေတာဖြစ်လို့ ဇိမ်း အင်္ကျီလှမ်းပေးရင်းက နည်းနည်းလောက်စလိုက်သည်။
"ကျွန်တော် ကူဝတ်ပေးရမလား "
"မလိုဘူး!!"
ချစ်ဖို့ကောင်းလိုက်တာလို့ တိုးတိုးတိတ်တိတ်ရေရွတ်လိုက်ပြီး ဘေးနာမှာဝင်ထိုင်သည်။ နောက်တော့ အနီသွေး မျက်မှောင်ကျုံ့ပြီးလက်ရှည်ဝတ်နေတဲ့ပုံကို ထိုင်ကြည့်နေလိုက်တော့၏။
အဲလိုကြည့်နေမှန်းသိလေ အနီသွေးရဲ့မျက်နှာကလည်း ပိုပြီးမဲမှောင်လာလေလေ။
ညလေတွေသာတကယ်အေးမနေဘူး၊ ဒဏ်ရာတွေကလည်း တကယ်နာမနေဘူးဆိုရင် ဒီလက်ရှည်ကိုလည်း ဝတ်မနေဘူး။
"ဆေးဖိုးကဘယ်လောက်လဲ ပြန်ရင်တစ်ခါထဲယူသွား"
ကြယ်သီးတပ်ရင်း ဇိမ်းအားလည်းမကြည့်ပဲပြောလာသည့် အနီသွေးပင်။
ဇိမ်းကတော့ ထုံးအတိုင်းခပ်ဖြီးဖြီးနှင့်ပဲတတ်ကြွစွာ ပြန်ဖြေလိုက်သည်။
ВЫ ЧИТАЕТЕ
နှင်းဆီပုံပြင်/နှင်းဆီပုံပြင်(Completed)