part 15

3K 300 10
                                        


အချိန်ကညပိုင်း​ရောက်နေပြီဖြစ်ပြီး
ဇိမ်းတို့လေးယောက်လုံးလည်း ဘာစကားမှမပြောဖြစ်ပေမယ့် ညစာစားပွဲအတွက်ကိုတော့
​တော်တော်လေးပြင်ဆင်နေဖြစ်ကျသည်။
လေးယောက်လုံး ခေါင်းကပတ်တီးလေးတွေ ဆင်တူနေတာက မသိမသာလေးလှ၍တော့နေ၏။

တကယ်တော့ အပြင်လူရောပါမယ်ဆိုလို့သာ ဒီလောက်ပြင်ဆင်နေကျတာ ကောင်းကောင်းလုပ်တတ်တာတော့လည်း မဟုတ်လေဘူး။လာမယ့်သူကအနီသွေးဖြစ်တာလည်းပါတော့မပေါ့။

"ဟျောင့် မင်းဘဲကြီးကခုထိမလာသေးပါလား"

ပန်းကန်တွေနေရာချနေတဲ့ကားကားက ဖွင့်ထားတဲ့သီးချင်းအေးအေးလေးနဲ့နန့်ရင်း မေးလာတော့ ဇိမ်းလည်း နှင်းဆီခြံဖက်ကိုတစ်ချက်လှမ်းကြည့်ဖြစ်သည်။
နေရာက ခြံထဲကဥယျာဉ်ထဲမှာပဲဖြစ်ပေမယ့် နှင်းဆီခြံနဲ့ဆိုရင်တော့ နည်းနည်းတော့လှမ်းပြီး မီးတွေကလည်းဒီနားတစ်ဝိုက်မှာသာ အလှဆင်ထားတာဖြစ်လို့ နှင်းဆီခြံဖက်ကတော့ အရင်နေ့တွေအတိုင်းအမှောင်ရိပ်သမ်းနေဆဲပင်။

နှင်းဆီခြံထဲကထွက်လိုက်တာနဲ့ ဒီဘက်ခြံထဲရောက်တာဆိုပေမယ့်လည်း လာခေါ်မည်လို့ပြောထားတာမလား။
နောက်ပြီး လမ်းမှာလည်းဦးသွေးနဲ့စကားလေးဘာလေး ပြောဖို့ဖန်ရဦးမှာဆိုတော့ ဦးသွေးရောက်မလာခင်သွားခေါ်ရမှာပေါ့။

"လာခေါ်မယ်လို့ပြောခဲ့တာကွ ငါသွားခေါ်လိုက်မယ်"

ပြောပြောဆိုဆိုနှင့်ပင် သုတ်ခနဲထွက်သွားတဲ့ဲ့ဇိမ်းက အမြဲပေါ့ပေါ့ပါးပါးဝတ်တတ်ပေမယ့် ဒီနေ့မှပိုပြီးသပ်သပ်ရပ်ရပ်ဝတ်ထားတာကို ရင်ဘက်ချင်းအပ်ပြီး ပေါင်းသင်းနေတဲ့ကျန်သုံးယောက်က ဘယ်လိုလုပ်မရပ်မိပဲနေပါ့မလဲ။

ထုတ်သာမပြောဖြစ်ခဲ့ကျပေမယ့် ဇိမ်းတစ်ယောက်ဒီရောက်မှ အမြဲအိပ်ယာအစောကြီးထတတ်လာပြီး ဆံပင်ရှည်တွေတောင် ညှပ်ပြစ်ထားတာလေ။အခုအဝတ်စားပုံစံပါ တဖြည်းဖြည်းပြောင်းလာပြီဆိုတော့
ဘယ်လိုလုပ် ဇိမ်းရဲ့အတွင်းစိတ်အခြေနေကိုမရိပ်မိပဲနေပါ့မလဲ။

အမှောင်ရိပ်ကျနေတဲ့နှင်းဆီခြံဘက်ကို မပြေးရုံတမယ် ​ခြေလှမ်းကျဲကြီးတွေနဲ့လျောက်သွားတဲ့ဇိမ်းကို တစ်ချက်လှမ်းကြည့်ရင်းပဲ မင်းစိုးတစ်ယောက်ခေါင်းတခါခါနဲ့..

နှင်းဆီပုံပြင်/နှင်းဆီပုံပြင်(Completed)Место, где живут истории. Откройте их для себя