part 47

2K 131 1
                                        


ညသည်အစောပိုင်းပဲရှိသေးတာဖြစ်၍ ပန်းရောင်သွေးမှာအိပ်လို့မရသေးပါချေ။ ထို့ကြောင့်သူ ရေသောက်ရန်အခန်းပြင်ထွက်လာချိန်တွင် သူ့ဦးလေးကရေချိုးခန်းထဲမှာမှန်းသိလိုက်ရသည်။ လုံးဝကိုမရည်ရွယ်ပါပဲ ပန်းရောင်သွေးမှာ သူ့ဦးလေးအခန်းထဲဝင်မိသွား၏။ ပုံမှန်ဆို သူက သူ့ဦးလေးခန်းထဲဝင်လေ့မရှိပါချေ။ ဒီနေ့မှ သူဘာလို့ခိုကြောင်ခိုးဝှက်လုပ်မိနေလဲ သူကိုယ်တိုင်လည်းမသိတော့။

သူ့ဦးလေးအခန်းထဲတွင် ဘာမှများများစားစားရှိမနေ။ စိုက်ပျိုးရေးစာအုပ်တချို့ကိုစားပွဲတွင်တင်ထားပြီး ထိုစားပွဲဘေးကစင်လေးပေါ်တွင်တော့ ဓာတ်ပုံဘောင်လေးတစ်ခုရှိနေခဲ့သည်။ ပန်းရောင်သွေးမှာ ထိုအရိပ်ကျနေသည့် ဓာတ်ပုံလေးအား စင်လေးပေါ်မှကောက်ယူကာ အလင်းရောင်ထဲယူကြည့်လိုက်တော့သည်။ ဓာတ်ပုံကိုမြင်ခိုက် သူမမျက်ဝန်းလေးများပြူးကျယ်သွားရတော့၏။ ထိုဓာတ်ပုံထဲတွင် ငယ်ရွယ်သေးသည့်ပန်းရောင်သွေးပါရှိပြီး သူမ ညာဘက်တွင် သူ့ဦးလေးရှိနေကာ သူမဘယ်ဘက်တွင်တော့ နေနော်ဇိမ်းဆိုတဲ့သူရှိနေခဲ့သည်။ ဓာတ်ပုံထဲကနောက်ခံရှုခင်းအရ ပြင်ဦးလွင်က ကန်တော်ကြီးထဲမှာဆိုတာသိသာ၏။ သူတို့နောက်တွင် အသဲပုံနှင်းဆီခင်းကြီးရှိနေခဲ့သည်။

သူတို့တွေက ဒီလိုမျိုးလည်း အတူတူလည်ပတ်ခဲ့ဖူးတာလား။ ပန်းရောင်သွေးမှာ ထိုနေ့အားမှတ်မိအောင် အသည်းသန်ကြိုးစားနေခဲ့၏။ သူက ဓာတ်ပုံထဲက လူသုံးယောက်ရဲ့ ပျော်ရွှင်နေသည့်ခံစားချက်တွေအား ဓာတ်ပုံကြည့်ရင်းနှင့်ပင် ခံစား၍ရနေခဲ့သည်။

ထိုအချိန်မှာပင် အနီသွေးမှာအခန်းထဲပြန်ရောက်လာခဲ့သည်။ စဥ်စစ်တော့ အနီသွေးမှာရေချိုးနေခြင်းမဟုတ်ပဲ အိပ်ရာဝင်ရန်ခြေလက်ဆေးနေခဲ့ခြင်းသာပင်။ သူကအခန်းထဲဝင်ဝင်လိုက်ချင်း ပန်းရောင်သွေးကိုတွေ့လိုက်ရတာကြောင့် အံသြသွားရတော့သည်။ သူ့တူမလေးက သူ့အခန်းထဲလာလေ့မရှိဘူးလေ။

"နီနီ...ဘာလုပ်နေတာလဲ"

ပန်းရောင်သွေးမှာ အပေါက်ဝအားကျောပေးထားသည်ဖြစ်၍ အနီသွေးဝင်လာတာကိုမသိလိုက်တာကြောင့် အသံကြားတော့အနည်းငယ်လန့်သွားရှာ၏။ သူမကအမြန်လှည့်လာပြီး ဖြေရှင်းချက်ပေးရန် ပါးစပ်ဟလိုက်မိသည်။ သို့သော်လည်း သူမတွင်ပြောစရာရှိမနေခဲ့ပါ။ သူမလက်ထဲတွင် ဓာတ်ပုံလေးကရှိနေစဲပင်။

နှင်းဆီပုံပြင်/နှင်းဆီပုံပြင်(Completed)Место, где живут истории. Откройте их для себя