part 31

1.6K 182 6
                                    


ဇိမ်း၏အမေဖြစ်သူသည် အတော်လေးမိုးချုပ်သည်ထိထိနေပြီးမှ ပြန်သွား၏။ သူမက ဇိမ်းအား ပြန်ခေါ်မရသည်သေချာတော့ ပြန်ဖို့ပဲရှိတော့သည်။ ဇိမ်းကတော့ ဆယ်ရက်နေရင် ကျိန်းသေပြန်လာမှာပါဆိုပြီး ကတိတွေအထပ်ထပ်ပေးလိုက်ရသည်။
ဒါတောင် ပြန်ခါနီးအလွမ်းသည်တာက တစ်နာရီလောက်ကြာသွားသေးရဲ့။

အမေဖြစ်သူပြန်သွားတာနှင့် ဇိမ်းတစ်ယောက် ရေနွေးနွေးလေးစပ်ချိုးလိုက်၏။ အချိန်ကညဘက်ပိုင်းရောက်နေပြီဖြစ်၍ အနွေးထည်ထူထူလေးဝတ်လိုက်ပြီး လေလေးတချွန်ချွန်ဖြင့် နှင်းဆီခြံထဲသွားဖို့ရာ အပေါ်ထပ်ကနေဆင်းခဲ့တော့သည်။ သို့သော် အောက်ထပ်ကဧည့်ခန်းထဲမှာ ​ဟိုသုံးကောင်က မှုန်တေနေသည့်မျက်နှာတွေနှင့်ထိုင်နေတာကြောင့် လှမ်းမေးလိုက်ရသည်။

"ဘာလုပ်နေကျတာလဲ ညစာကစားပြီးကျပြီလား"

"မင်းတကိုယ်ကောင်းဆန်ပြီး တစ်ယောက်ထဲအရင်စားသွားပေမယ့် ငါတို့လည်းခုနလေးတင်စားပြီးပြီ"

ခပ်တည်တည်ပင် ရွဲ့လာတဲ့မင်းစိုးကြောင့် ဇိမ်းမှာစပ်ဖြီးဖြီးနှင့်ပဲ...

"ဟုတ်လား...ကောင်းတာပေါ့"

ပြောပြီး ရေခဲသေတ္တာဘက်ခြေဦးလှည့်လိုက်ကာ အထဲက နို့အေးတစ်ဗူးကိုယူလိုက်ပြီး ခပ်တည်တည်နှင့်ပင် တံခါးဘက် ပြန်ဦးတည်လိုက်တော့ မင်းစိုးဆီက အသံထပ်ထွက်လာလေသည်။

"နှင်းဆီခြံထဲသွားမလို့လား"

"အွန်း.. ဘာလဲပြောစရာရှိလို့လား"

ဤသုံးယောက်၏ပုံမှာ ဒီကနေ့အနည်းငယ်တည်ငြိမ်နေတာကြောင့် သူတို့တွင် ပြောစရာတစ်ခုခုရှိနေမှန်း ဇိမ်းရိပ်မိလိုက်တော့သည်။
ဇိမ်း၏ ထင်မြင်ချက်မှန်စွာနှင့်ပင် ကားကားမှာပြောလာပါ၏။

"ငါတို့နည်းနည်းသိချင်လို့ ဆယ်ရက်နေပြီးရင် မင်းဘာဆက်မလဲဆိုတာကို"

ကားကား၏အသံမှာ အသံသေးအညှောင်ပင်ဖြစ်တော့သည်။ ဇိမ်းမှာ ထိုအသံကြောင့် မဆီမဆိုင်နှင့် အနီသွေး၏ ယောင်္ကျားပီသလွန်သောအသံများအား ကြားယောင်လာပါ၏။ သူ့နှလုံးသားလေးမှာ ပျော်ဝင်လုမတတ်ပင်။

နှင်းဆီပုံပြင်/နှင်းဆီပုံပြင်(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ