အနီသွေး ထိုကလေးတစ်စုကို နည်းနည်းလေးမှမကျေနပ်ပေ။
ဘာပဲဖြစ်ဖြစ်ဆိုပြီး ထိုကလေးတွေနဲ့ရှင်းမလို့ပါဆို ငကြောက်လေးတွေကထွက်ပြေးရတယ်လို့...။
နောက်ကလိုက်မလို့ရှိသေး အိမ်ထဲကအဒေါ်ကြီးကပြေးထွက်လာပြီး။
"မောင်အနီသွေး မောင်အနီသွေး...
လက်ထဲမှာလည်းကတ်ကျေးကြီးနဲ့ကွယ် လူမြင်လို့မကောင်းပါဘူး"
ထိုအဒေါ်ကြီးစကားကြောင့် အနီသွေးအော်သာရယ်ချင်သွားသည်။
လူမြင်လို့မကောင်းဘူးတဲ့
ဒီနားတစ်ဝိုက်မှာက အနီသွေးတို့နဲ့ ဒီဘက်ခြံကလူတွေပဲရှိတာလေ။
"အိမ်နီးနားခြင်းတွေပဲမဟုတ်ဘူးလား
အလိုလိုက်ခံထားရတဲ့ကလေးတွေမလို့ပါကွယ် ဒေါ်ကြီးကပဲတောင်းပန်ပါတယ် "
တင်းနေစဲအနီသွေးရဲ့မျက်နှာကြောင့်လားမသိ အဒေါ်ကြီးကကြားထဲကဝင်တောင်းပန်လာတော့ အနီသွေးနည်းနည်းတော့ ထိုအဒေါ်ကြီးကိုအားနာသွားရသည်။ဘယ်လောက်ပဲကြည့်မရပါစေ ကိုယ့်ထက်အသက်အများကြီး ကြီးတဲ့လူကြီးတစ်ယောက်ကိုတော့ အနီသွေးပြန်ခံပြောမနေချင်။
ငနဲ့လေးတွေလုပ်ပေါက်နဲ့ ပန်းတွေခူးရမှာလည်းနောက်ကျနေပြီဆိုတော့ အနီသွေးကပဲစိတ်လျော့ပြီးနှင်းဆီခြံထဲပြန်ဝင်ခဲ့ရသည်။
သို့သော် အဒေါ်ကြီးကိုတော့ စကားတစ်ခွန်းမဆိုခဲ့ပေ။
"ပြန်သွားပြီ ပြန်သွားပြီကွ"
တံခါးကနေ ခေါင်းပြူပြီးအပြင်ကိုချောင်းကြည့်နေတဲ့ ကားကားကဝမ်းသာတကြီးဆိုလာတော့ ဇင်ကြီးမှာအမြင်ကပ်စွာနှင့်။
"မင်းဘာလို့ပြေးတာလဲ ပြောတော့ဝမ်းဝမ်းဆွဲမလို့ဆို"
ဇင်ကြီးစကားကြောင့် ကားကားမှာတွန့်သွားရင်း...
"စိန်ခေါ်တာက တကယ်ထွက်လာမယ်လာလို့မထင်လို့လေ
ဒီဘက်က လေးယောက်တောင်ဆိုတော့
ဘဲရီး နည်းနည်းလောက်ရှိန်နေမှာပါလို့တွက်လို့ပေါ့ ကတ်ကျေးကြီးဆွဲပြီး
တကယ်ထွက်လာတော့ မပြေးလို့ရမလား"
ဟုတ်တယ် သူတို့ကျမပြေးတာကျနေရော။
ထိုအချိန်ဇိမ်းကတော့ ဒေါသစိတ်တွေမွန်ပြီး စိတ်ဆိုးမာန်ဆိုးနဲ့ တကယ်အပြင်ထွက်ချလာတဲ့အနီသွေးပုံကို မျက်လုံးထဲကမထွက်ပြီး ပြုံးစစဖြစ်မိနေရင်းက
အသံထွက်ရယ်မိတော့ ဘေးကကောင်တွေအပါအဝင် မုန့်လာချပေးနေတဲ့အဒေါ်ကြီးကပါ ဇိမ်းအားကြည့်လာကျသည်။
ESTÁS LEYENDO
နှင်းဆီပုံပြင်/နှင်းဆီပုံပြင်(Completed)