part 11

3.2K 360 27
                                        

မနက်မလင်းသေးခင်ထဲက အနီသွေးတို့
အရင့်အရင်နေ့ရက်တွေအတိုင်းပဲ ပန်းခူးဖို့ထနေရပြီ။ဒီနေ့ကတော့ အေးဆေးစွာနဲ့ပဲ
နှောက်ယှက်မည့်သူမရှိတဲ့အတွက် စောစောလေးပဲပန်းခူးခြင်းပြီးသွားလို့
ပန်းတွေစည်းနေရင်းက အမှတ်တမဲ့ဟိုဘက်ခြံထဲကိုလည်း လှမ်းကြည့်မိသေးရဲ့။

အိမ်ရှေ့မှာ သန့်ရှင်းရေးလုပ်နေတဲ့ ခြံစောင့်လေးလေးကလွဲရင် ကျန်တဲ့လူတွေရဲ့အရိပ်ယောင်လေးတောင်မမြင်ရပေ။

ကြောက်သွားတာများလားလို့တွေးမိရင်းက အနီသွေးတစ်ယောက်ထဲရယ်နေမိသေး။
တကယ့်ငချွတ်လေးတွေ။

ပန်းသည်တွေပန်းလာယူပြီး နီနီအိပ်ယာနိုးတဲ့ထိ အနီသွေးရဲ့မနက်ခင်းကအဆင်ပြေနေသေးသည်။
တူရီးနှစ်ယောက်မနက်စာစားပြီးတော့ ဒီနေ့ ပန်းပင်ပေါက်တွေဖောက်သည်လာယူမယ့် တစ်ဦးရှိနေတာကြောင့် ညကအပင်ပေါက်တွေအသင့်ပြင်ထားသည့်တိုင်
တစ်ချက်စစ်ဦးမည်ဟုတွေးပြီးစစ်ကြည့်ပြီးနောက် အနီသွေးစိတ်ထဲဒိတ်ခနဲ.. ။

မဖြစ်နိုင်ပါဘူး။ညကသေချာစစ်ပြီးမှ ဟိုဘက်ကအပင်ပေါက်တွေနဲ့ခွဲထားခဲ့တာကို။

အနီသွေးမယုံနိုင်ဖြစ်ပြီး ပြန်စစ်ကြည့်သည့်တိုင် အပင်ပေါက်ငါးပင်တိတိလိုနေစဲ။
စိတ်ထဲအစိုးမရဖြစ်နေမိရင်း ခြံတစ်ဖက်ကအပင်တွေသွားစစ်ကြည့်တော့လည်း အဲဒီမှာလည်းပိုမနေပြန်ဘူး။

နည်းနည်းလေးနေမြင့်တာနဲ့ အပင်တွေကလာယူကျတော့မှာဖြစ်ပြီး မနက်ဖြန်ဆိုရင်ပဲ နောက်တစ်ဦးလာယူဦးမှာဖြစ်လို့ ရှိတဲ့အပင်ပေါက်တွေကိုအညီမျှခွဲထားခဲ့တာ။
ဘယ်လိုလုပ်ပြီး ငါးပင်တောင်လိုနေရတာလဲ။
လွဲရေမိတယ်ဆိုရင်တောင်မှ တစ်ပင်နှစ်ပင်ပဲလွဲသင့်တာလေ။

အနီသွေးတစ်ယောက် အကြံအိုက်နေရပြီး ခြံထဲကနေရာလပ်မကြံအောက်လိုက်ရှာနေမိသည်။

သို့ပါသော်လည်းမရှိ။
အလုပ်ကိုစေ့စေ့စပ်စပ်လုပ်တဲ့အနီသွေးအဖို့ ဒီလိုအလွဲက ကြုံတောင့်ကြုံခဲဖြစ်ပြီး ခြံထဲမှာလည်းနီနီနဲ့သူနဲ့နှစ်ယောက်ထဲရှိတာ။
နီနီကလည်း သူအပင်ပေါက်တွေမခွဲခင်တည်းက အိပ်သွားပြီးသားလေ။

နှင်းဆီပုံပြင်/နှင်းဆီပုံပြင်(Completed)Onde histórias criam vida. Descubra agora