part 21

2.3K 241 21
                                        


ပန်းသည်တွေပြန်တာနှင့်
ဇိမ်းပါ တန်းပြီးအနှင်ထုတ်ခံခဲ့ရသည်။
မေးလက်စမေးခွန်းလေးတောင်
ပြီး​အောင်မမေးလိုက်ရပေ။
ဒါပေမယ့် ဇိမ်းသိပ်တော့စိတ်ထဲမထားပါဘူး။ ဘာလို့ဆို မနက်ကပန်းခူးလို့ပြီးခါနီးတုန်းက အပေါ်အင်္ကျီလက်ရှည်ကို ပန်းခင်းထဲကချောင်ကျကျနေရာလေးမှာ ချွတ်ထားခဲ့လိုက်တယ်လေ။ ညနေကျရင်အကြောင်းမရှိအကြောင်းရှာပြီး အင်္ကျီပြန်လာယူတာဆိုပြီး တစ်ခေါက်ထပ်သွားလို့ရတာပေါ့။
လွယ်တော့မလွယ်ဘူး ညဏ်ကောင်းရတယ်။

ညနေကျရင်တော့ ဦးသွေးကိုသူ့ကောင်မလေးအကြောင်း ရအောင်မေးမည်ဟု တွေးထားသည်။ ဘယ်လိုပဲတွေးတွေး လက်ထပ်ဖို့ပြောထားဖြစ်တယ်ဆိုရင်တောင် ဦးသွေးဘက်ကတွေဝေနေတာ
သေချာတော့ စဉ်းစားစရာစရာတွေရှိနေပုံပဲလေ။

အဲဒီစဉ်းစားတွေကို ရအောင်ဖော်ထုတ်ပြီး ပိုစဉ်းစားရအောင် ဘေးကနေမီးရိူ့ပေးရမှာကလက်ရှိဇိမ်းရဲ့လက်ရှိဦးတည်ချက်ပဲ။

အင်း..စကားပုံတွေမှာကိုက
အချစ်နဲ့စစ်မှာမတရားတာမရှိဘူးဆိုပဲ။

ဦးသွေးထက်တောင်အသက်ကြီးတယ်ဆိုရင် အဒေါ်ကြီးအရွယ်လောက်ရှိမပေါ့။ ငယ်ရွယ်မူမှာတော့ ဇိမ်းကသာပေမယ့် ဦးသွေးအကြိုက်တွေ့ပုံကရှိနေသေးတယ်။

ဒါပေမယ့်လည်း ဒီလောက်နှစ်တွေအကြာကြီးဝေးနေတာဆိုတော့ကား
အနည်းနဲ့အများတော့ သံယောဇဉ်တွေလည်း အေးစက်နေလောက်ရောပေါ့။

"မင်းမားသားကြီးက အိမ်ပြန်ခေါ်နေတာဆို"

ဇိမ်းတစ်ယောက်ဧည့်ခန်းထဲထိုင်ရင်း တစ်ယောက်ထဲအတွေးနွံနစ်နေရင်းက မင်းစိုးအသံကြောင့် အတွေးများပျက်တောက်သွားရတော့သည်။

"သိရင်လည်းမေးမနေနဲ့ကွာ"

တန်ဖိုးရှိတဲ့အကြောင်းတွေတွေးနေတာဆိုတော့ အဖျက်ခံလိုက်ရတာကို မကျေမနပ်ဖြစ်တာ ဇိမ်းအပြစ်မှမဟုတ်တာ။

"မသိလို့မေးနေတာမဟုတ်ဘူး မိဘတွေကခေါ်တာ ခဏလောက်ပြန်တာမဟုတ်ဘူး "

မင်းစိုးကဖုန်းတစ်ဖက်နဲ့ ဧည့်ခန်းထဲဝင်ထိုင်ရင်းပြောတော့
ဇိမ်းမှာ စိတ်ပေါက်လိုက်တာဆိုနေ။
ခုချိန်ပြန်သွားရင် ဘာဖြစ်မယ်ဆိုတာမသိလို့များ ဒီလိုပြောရော့သလား။

နှင်းဆီပုံပြင်/နှင်းဆီပုံပြင်(Completed)Место, где живут истории. Откройте их для себя