ပန်းရောင်သွေး၏ ကျူရှင်မှာ ပုံမှန်ကဒီလောက်မစောသော်လည်း ဒီနေ့တွင်ဆရာမကနေ့ခင်းပိုင်းသွားစရာရှိ၍ မနက်ခင်းအချိန်သို့စောခေါ်ခဲ့တာဖြစ်သည်။ သို့သော် ကျူရှင်သို့ရောက်သွားချိန်မှာတော့ ဆရာမကအချိန်ဘယ်လိုမှမပေးနိုင်တော့တာကြောင့် ကျူရှင်ပိတ်လိုက်လေသည်။ ထို့ကြောင့် ပန်းရောင်သွေးမှာ ကျူရှင်ရောက်ပြီးမှ လှည့်ပြန်ခဲ့ရပြီး အိမ်သို့ပြန်ရောက်ချိန်မြင်လိုက်ရသည့်မြင်ကွင်းက သူမကို အလန့်တကြားအော်ဟစ်မိစေတော့သည်။
ဒါက သူဘယ်လိုမှထင်မထားတဲ့မြင်ကွင်းမျိုးဖြစ်နေတာကြောင့်လား သူမက ခြံဝကနေစက်ဘီးကိုခွရက်နှင့်ပင် ကြောင်ကြည့်နေခဲ့မိသည်။
သူအမြင်လုံးဝမမှားဘူး ပြင်ဦးလွင်မှာတွေ့ခဲ့တဲ့အကိုကြီးက သူ့ဦးလေးကိုဖတ်ထားခဲ့တာ။ ဖတ်ထားခဲ့တာတောင် တင်းတင်းကျပ်ကျပ်နဲ့ လုံးဝမြတ်မြတ်နိုးနိုးနဲ့လေ။ ဒါက ဘယ်လိုမှ မတွေ့တာကြာတဲ့မိတ်ဆွေတွေ ဖတ်တတ်တဲ့ပုံစံမျိုးမဟုတ်ဘူး။
ပန်းရောင်သွေးက 12နှစ်ပဲရှိသေးတယ်ဆိုရင်တောင်မှ သူက ခေတ်လူငယ်ဆယ်ကျော်သက်တစ်ယောက်ပဲလေ။ အနေထားကမှားယွင်းနေတာကို မသိစရာအကြောင်းမရှိဘူး။ ပြီးတော့ သူမက LGBTအသိုင်းဝိုင်းအကြောင်းနည်းနည်းသိတယ်။ သူ့သူငယ်ချင်းတွေထဲမှာဆို BLကိုအသေလဲသဘောကျတဲ့ ဖူဂျိုမတွေမှအများကြီးပဲ။ သူလည်း သူကြိုက်တဲ့ K pop group ရဲ့ အချင်းချင်း ship ထားတဲ့ fanficတွေကို တစ်ခါတလေဖတ်လေ့ရှိပါတယ်။ တစ်နည်းအားဖြင့် သူက LGBTကို မုန်းနေတဲ့သူမဟုတ်ဘူးလို့ ပြောချင်တာ။ ဒါပေမယ့်...ဒါက သူ့ဦးလေးလေ!
သူ့ရဲ့ တစ်ဦးတည်းသောဦးလေး၊ သူ့မှာတစ်ယောက်ထဲရှိတဲ့ မိသားစုဝင်။ သူ့အဖေဘက်ကအမျိုးတွေရှိသေးတယ်ဆိုရင် အနီသွေးဆိုတဲ့လူကမှ သူ့ရဲ့မိသားစုဝင်အစစ်ပဲ။
သူအရင်က သူ့ဦးလေးကိုစချင်စမယ် ဒါတွေက သူ့ဦးလေး ဘယ်သူ့ကိုမှမကြိုက်တာသိနေလို့ပဲ။ သူစတဲ့သူတွေကို သူ့ဦးလေးကလုံးဝစိတ်မဝင်စားတာသိနေလို့ သူကစနောက်ခဲ့တာ။ တကယ်တမ်းသူက သူ့ဦးလေးကို ဘယ်မိန်းမနဲ့သဘောတူမှာမဟုတ်ဘူး။ ယောင်္ကျားလေးတစ်ယောက်ဆိုရင်ရော... အတူတူပဲ။ မိန်းမရော ယောင်္ကျားရော ဘယ်သူနဲ့မှသဘောမတူနိုင်ဘူး။
ANDA SEDANG MEMBACA
နှင်းဆီပုံပြင်/နှင်းဆီပုံပြင်(Completed)