အချိန်ကညပိုင်းဖြစ်ပြီး အနီသွေးရဲ့နှင်းဆီခြံထဲမှာတော့ ခါတိုင်းလိုအမှောင်ရိပ်ကျနေဆဲပင်။ဒီနေ့ အနီသွေးကိုစိတ်ဆိုးပြီးပြန်သွားတဲ့ အဲဒီနဒီခင်ဆိုတဲ့အမျိုးသမီးက အနီသွေးဘဝရဲ့တစ်ဦးတည်းသောအမျိုးသမီး။
အများကြီးသဘောကျခဲ့သလို့ သူမနဲ့အတူရှိဖို့က အမြဲတမ်းအနီသွေးရဲ့အိပ်မက်လိုဖြစ်ခဲ့ရသည်။ အများကြီးလည်းချစ်ပေးခဲ့ပါ၏။ အများကြီးလည်းနားလည်ပေးခဲ့သည်။သို့ပေမယ့်...
လွန်ခဲ့တဲ့ နှစ်လကျော်လလောက်ကထိတောင် အနီသွေးက သူမကိုတောင်းတမိနေသေးသည်။ သူမပြန်လာလျှင်ဆိုပြီး စိတ်ကူးတွေယဉ်နေခဲ့မိသေး၏။ ဒီတစ်ခါ တကယ်လက်ထပ်ဖြစ်ခဲ့ကျရင် သူမစိတ်တိုင်းကျထားမယ်ဆိုပြီး ဖမ်းဆုပ်ထားဖို့လည်းတွေးခဲ့မိသေးသည်။
ဘာလို့ အခုမဟုတ်ရတာတော့လဲ။
သူမကိုယ်တိုင် ရှေ့ကိုရောက်လာပေမယ့်
ဘာလို့ ထင်သလောက်မပျော်ရတော့တာလဲ။
ဘာလို့ သူမစကားတွေကိုလွန်ဆန်ဖို့က အဲလောက်လွယ်ကူနေရတာလဲ။
ဘာလို့ သူမစိတ်ဆိုးမှာကို အရင်လောက်မကြောက်ရတော့တာလဲ။သူမကိုမချစ်တော့လို့များ...။
မဟုတ်ဘူး...အနီသွေး သူမကိုချစ်နေလောက်ပါသေးသည်။ဒါဖြင့် ဘာလို့များလဲ။
အနီသွေး ဒီမေးခွန်းအား ကိုယ့်ကိုကိုယ် အကြိမ်ပေါင်းများစွာမေးနေမိတာက အဖြေကိုမသိတာကြောင့်တော့မဟုတ်။
မသိချင်ယောင်ဆောင်နေခဲ့ရုံသာ ဖြစ်ခဲ့သည်။အချစ်ခံနေရလို့လေ။
အများကြီးကို အချစ်ခံနေရတော့ ကိုကိုယ့်ကိုတောင်မသိလိုက်ပဲ ဘဝင့်မြင့်နေတော့တာ။
သူမရှိလည်း ငါကအချစ်ခံရတယ်။
အဲလိုမျိုး...မသိစိတ်ကြောင့် သူမကိုအရေးမလုပ်ချင်တော့တာ။နည်းနည်းလောက် အကျင့်မကောင်းဘူးလို့မြင်ရနိုင်ပေမယ့် ဒါကအမှန်တရားပဲလေ။
သူမကို ဖမ်းဆိုင်နိုင်ဖို့အတွက် ကြိုးစားရလို့ ပင်ပန်းနေတဲ့အချိန်မှာ တစ်ယောက်က ချွေးသိပ်ပေးလာခဲ့တယ်။ အဲဒီတစ်ယောက်က သူများကိုလိုက်ချစ်ပေးနေဖို့ချည်းမလိုပဲ အချစ်ခံရတဲ့ဘဝမှာနေသင့်ကြောင်းကို လမ်းပြပေးခဲ့တယ်။
![](https://img.wattpad.com/cover/240813149-288-k355757.jpg)
BINABASA MO ANG
နှင်းဆီပုံပြင်/နှင်းဆီပုံပြင်(Completed)