နောက်တစ်နေ့ရဲ့မနက်စောစောအချိန်လေးတွင်ဖြစ်သည်။
ခပ်မိူင်းမိူင်းမိုးသားအောက်မှာ အနီသွေးတစ်ယောက်စိတ်ကြည်လင်စွာနဲ့ပန်းခူးနေပြီး ထုံလွန်းနေတဲ့နှင်းဆီနံ့တွေက
ရနေကျဆိုရင်တောင်မှပဲ ဒီနေ့မှပိုမွှေးနေသလိုလိုခံစားနေရသည်။
နှင်းဆီတွေကိုပဲ လွန်လွန်ကျူးကျူးသဘောကျမိနေလို့များလား
တခြားပန်းတွေရဲ့အနံ့ကို မကြိုက်ရလောက်တော့အောင်ကို
နှင်းဆီရဲ့ရနံ့တွေက စိတ်မှာစွဲနေရပြီ။
ဘာရယ်မဟုတ်ပဲ ဒီနေ့မှ တော်တော်ကြီးစိတ်လည်းရွှင်နေလို့ နှင်းဆီတစ်ပွင့်ကိုငုံ့နမ်းနေမိတုန်း ဘေးကမြင်လိုက်ရတဲ့ လူရိပ်ကြောင့် အမြန်မော့ကြည့်လိုက်တော့ ခြံတစ်ဖက်မှာအဲဒီပြဿနာကောင်လေး..။
ခေါင်းကပတ်တီးကဖြင့် ခုထိတောင်မဖြေရသေးပဲနဲ့ အခုအနီသွေးကိုဓာတ်ပုံရိုက်လိုက်တာက ထပ်စမလို့တော့မဟုတ်လောက်ဘူးမလား..။
အနှီကလေးက အနီသွေးအတွေးကိုပဲသိနေသည်အလား ချက်ခြင်းအငြင်းလာတော့၏။
"မဟုတ်ဘူးနော် ကိုယ့်ဖာသာမနက်ခင်းလေးနဲ့ဆယ့်တစ်ဖီဆွဲနေတာ"
အနီသွေးအကြည့်တွေကိုပဲသိနေ၍လား
မမေးမိပဲ အလန့်တကြားဖြေရှင်းလာပုံက ရယ်တော့ရယ်ဖို့ကောင်းသည်။
ထိုကောင်လေးကိုစိတ်ထဲမထားတော့ပဲ ကိုယ့်အလုပ်ကိုပြန်လုပ်နေလိုက်တော့ အနှီကောင်လေးကစကားစလာပြန်၏။
"ဦးသွေး နေ့တိုင်း ပန်းတွေနဲ့ပဲထိတွေ့နေရတာမငြီးငွေ့ဘူးလား"
ဇိမ်းတစ်ယောက်မေးလည်းမေးရင်း ရှေ့ကမျက်နှာတော်ချောချောကိုလည်းငမ်းရင်း....။
တကယ်ကိုပဲ မနက်ခင်းစောစောဖြစ်လို့ အအေးဒဏ်လေးရှိနေတယ်ဆိုရင်တောင်မှ နဖူးစပ်နဲ့နားထင်စလေးတွေမှာ ချွေးစလေးတွေသီနေတဲ့ဦးအနီသွေးကြီးက နဂိုဆင်စွယ်နုရောင်အသားရေမှာ ရောင်နီဟပ်နေတော့ ပိုတောက်ပြီးပိုကြည့်လို့ကောင်းနေတာလေ။အဲတာထက်ပိုထင်ရှားနေတာကတော့
အနီရောင့်ရင့်ရင့်နှင်းဆီတွေထက်
ပိုအရောင်ရင့်ပါတဲ့ နုတ်ခမ်းတစ်စုံ...။
တကယ်ကို ရောင်နီဦးရဲ့အရောင်သမ်းမူအောက်မှာ လှပနေရော။
ВЫ ЧИТАЕТЕ
နှင်းဆီပုံပြင်/နှင်းဆီပုံပြင်(Completed)