ဇိမ်း၏အမေဖြစ်သူမှာ ဇိမ်းအခန်းကပြန်လာပြီးနောက်တွင် သူ့ခင်ပွန်းအား ထိုအကြောင်းများကိုအေးအေးဆေးဆေးပြောပြတော့သည်။ သူမက သူ့ခင်ပွန်းက စိတ်ဆိုးလွန်ပြီး ဇိမ်းအားသွားရိုက်မှာကို စိုးရိမ်ခဲ့သော်လည်း လက်တွေ့မှာတော့ သူ့ခင်ပွန်းသည် အကုန်နားထောင်ပြီးသည့်နောက် မျက်မှောင်ကျုံ့လာပြီး ပြောလာ၏။"သူက အခုငါတို့သားကိုငြင်းလိုက်တာလား"
ဇိမ်း၏အမေမှာ ပြောစရာစကားပင်ရှာမတွေ့တော့ချေ။ သူမ အများကြီးပြောခဲ့တာလေ။
သူမ စွံအနေတုန်းမှာပဲ သူ့ခင်ပွန်းကထပ်ပြောလာပြန်သည်။"သူက ငါတို့သားထက်အသက်လည်းကြီးတယ် ဘာမှလည်းဟုတ်တိပက်တိပြစရာလည်းမရှိတဲ့သူ အဲတာကို ရုပ်ရှိရေလျှံမျိုးဆက်ကနေ ဆင်းသက်လာတဲ့ ငါ့သားကို ငြင်းတယ်ပေါ့ ရယ်စရာကောင်းလိုက်တာကွာ!"
ဇိမ်း၏အမေမှာ ပြောချင်ရာပြောနေသော သူမခင်ပွန်း၏လက်မောင်းအား အသိဝင်သွားအောင် ဖြန်းခနဲရိုက်လိုက်ပါ၏။ နောက်တော့ ပြောလိုက်သည်။
"ရှင် သတိလေးဘာလေးလည်းထားဦး အဲဒီလူကယောင်္ကျားလေးနော် ငြင်းလိုက်တာပဲကျေးဇူးတင်ပါဦး "
သူမ၏ ခင်ပွန်းမှာ ထိုတော့မှ အဓိကအကြောင်းရာအား သတိရသွားကာ အသံတိတ်သွားတော့သည်။
သူမက ဆက်ပြောလိုက်၏။"သူက ယတိပြတ်ငြင်းလိုက်ရင်လည်းကောင်းသေး အခုတော့ ကျွန်မတို့သဘောတူရင် လက်ခံမယ်လို့ပြောလိုက်တာနဲ့မခြားဘူးရှင့် အဲတော့သားက ကျွန်မလို့သဘောမတူလို့ ဟိုဘက်ကငြင်းတယ်လို့ တွေးသွားရင်ဒုက္ခ"
"ဒါကတော့ကွာ လူတိုင်းက အိမ်ကကောင်လိုဂေးနေကျတာမှမဟုတ်တာ ဟိုကမချစ်လို့ငြင်းတာအသိသာကြီး လွှတ်ထားလိုက် ကြာရင်မေ့သွားလိမ့်မယ်"
ဇိမ်းအဖေ၏စကားများမှာ ဖြစ်ကတတ်ဆန်းနိုင်သည်ဟု တွေးမိတာကြောင့် ဇနီးဖြစ်သူမှာ လက်မခံနိုင်ပဲ....
"ရှင်စကားကို လွယ်လွယ်မပြောနဲ့နော်
သားက အရမ်းစိတ်ထိခိုက်နေတာ ပြီးတော့ မကြာခင်ကျွန်မတို့သဘောထားကို ပွင့်ပွင့်လင်းလင်းမေးလာလိမ့်လို့ ကျွန်မတော့ထင်တယ် ကျွန်မကတော့ သားနောက်တစ်ခါအိမ်ပေါ်ကဆင်းသွားတာမျိုးလုံးဝအဖြစ်မခံနိုင်တော့ဘူး အဲတာကြောင့် သဘောတူတယ်လို့ပြောလိုက်ပြီ ရှင်ကတော့သဘောပဲ"
BẠN ĐANG ĐỌC
နှင်းဆီပုံပြင်/နှင်းဆီပုံပြင်(Completed)