အချိန်က ညပိုင်းပင်။
အနီသွေးမှာ တစ်နေ့လုံးစိတ်ရှုပ်လွန်းလို့ ခြံအလုပ်တွေတောင်ဘာမှမလုပ်ပဲပြစ်ထားခဲ့၏။ ညစာကိုလည်း တူရီးနှစ်ယောက်ကြက်ဥကြော်နဲ့ပဲ ဖြစ်သလိုစားပြီး ခပ်စောစောအိပ်မယ်လို့ စဉ်းစားထားပေမယ့်လည်း ညနေဘက်ထိအိပ်ထားတဲ့နီနီက အိပ်ခိုင်းလို့မရပဲ TVကြည့်နေတော့ အနီသွေးပါအိပ်ရမှာစိတ်မဖြောင့်ဖြစ်၍နေတော့သည်။
တကယ်တော့ အိပ်လို့လည်းပျော်မှာမဟုတ်ပါဘူးလေ။
နီနီက ကျောင်းစထားဖို့အရွယ်ရောက်ပြီဆိုတာကို သူမသိတာမဟုတ်ပေမယ့်လည်း ဒီနေရာနဲ့မြို့ထဲကကျောင်းနဲ့က လှမ်းတယ်လေ။ နေ့တိုင်းကျောင်းပို့ကျောင်းကြိုလုပ်ရရင် နှင်းဆီခြံအလုပ်တွေကို လုပ်နိုင်မှာမဟုတ်တော့ပြန်ဘူး။ အနီသွေးလည်း နီနီ့ကိုကျောင်းထားဖို့ အဘက်ဘက်ကစဉ်းစားနေပေမယ့် ခြံကလည်း အနီသွေးတစ်ယောက်ထဲဂရုစိုက်နေရတာဖြစ်လို့ ထင်သလောက်မလွယ်ကူလှပဲ ခြံအလုပ်အတွက်လူငှားခေါ်ဖို့ကျတော့လည်း နှင်းဆီခြံအလုပ်က သူတို့တူရီးအတွက်တောင် လောက်ငှရုံပဲရှိတာဆိုတော့ မဖြစ်သေးပြန်ပေ။
ဒီနေ့ ဟိုအဖွားကြီးတွေက နီနီပညာရေးနဲ့ခုတုံးလုပ်ပြီး ပြဿနာရှာလာပြန်ပြီ။ သူတို့ပြောသလို ဥပဒေကနေစကားပြောတယ်ပဲထားပါတော့ အနီသွေးနိုင်ခြေက ဘယ်လိုလုပ်များရှိမှာတဲ့လဲ။
ဒီလိုဆိုရင်တောင် ဒီတိုင်းမွေးစားခွင့်ပေးလိုက်ရအောင်လည်း နီနီကဒီအရွယ်ထိ အနီသွေးနှင့်ပဲလက်ပွန်းတတီးနေလာခဲ့တာပင်။ တခြားဆွေးမျိုးရှိတယ်ဆိုတာကိုတောင် အနီသွေးက နီနီကိုပြောမပြထားဘူးပေ။
အနီသွေးကိုယ်တိုင်ကလည်း နီနီမရှိပဲတစ်ယောက်ထဲနေနိုင်ဖို့က သိပ်မသေချာလှ။
အဖေနဲ့အမ မရှိတော့ပေမယ့်
ဒီတူမလေးရှိနေလို့သာ သူအသက်ရှင်ရတာကိုမပျင်းနေတာဖြစ်သည်။ ဒီတူမလေးနဲ့ဒီနှင်းဆီခြံကြီးရှိနေလို့သာ သူ့ဘဝအေးဆေးနေတာကို ခုချိန်မှတစ်ယောက်ထဲဖြစ်သွားရင် ဘယ်လိုများလုပ်ရပါ့မလဲ။
အနီသွေး အတွေးတွေကိုဆက်မတွေးရဲတော့လို့ သက်ပျင်းအရှည်ကြီးချမိရင်း အခန်းပြင်ဘက်လှမ်းကြည့်လိုက်တော့ နီနီကအရှေ့ခန်းထဲမှာကာတွန်းကားကို သဘောတကျကြည့်နေရှာ၏။ နီနီ့အပြုံးတွေကြောင့် သူကိုယ်တိုင်ပါယောင်ယောင်လေးလိုက်ပြုံးလိုက်မိသည်။
ВЫ ЧИТАЕТЕ
နှင်းဆီပုံပြင်/နှင်းဆီပုံပြင်(Completed)