part 49

1.9K 128 2
                                    

ထိုနေ့ နေ့လည်လောက်တွင် ကားသုံးစီးက ဇိမ်းငှားထားတဲ့အိမ်ဝိုင်းလေးရှေ့ ရှေ့နောက်ထိုးရပ်လာခဲ့ကျသည်။ တောက်ပသည့်တန်ဖိုးမြင့်ကားများသည် သာမာန်လူနေရပ်ကွက်လေးထဲမှာ ထင်းထွက်သွားခဲ့၏။ ပထမကားပေါ်က ဆင်းလာသည့် လူများမှာတော့ ဇိမ်း၏မိဘများဖြစ်ကျပြီး ဇိမ်း၏အမေမှာ ဆံနွယ်တချို့တောင်ဖြူနေခဲ့ပြီသည်။ သို့သော် ကျော့ရှင်းကာ လှပနေစဲ။ သူမက သူ့ထက်ဆယ်နှစ်ငယ်သည့် ခင်ပွန်းနှင့်တောင် ရွယ်တူလို့ထင်ရလောက်သည်ထိ ဖျက်လက်နေတုန်းပါပင်။

ဇိမ်းမှာ သူ့အမေလက်ထဲက ပိုက်ဆံအိတ်ဖောင်းဖောင်းကြီးကြောင့် အနီသွေးပြောတာများမှန်နေမည်လားဟုသံယပင်ဝင်လာခဲ့၏။

ဒုတိယကားပေါ်ကဆင်းလာသူကတော့ ကားကားနှင့် သူ့ကောင်မလေးပါပင်။ ကားကားမှာ ကားပေါ်က အရင်ဆင်းလာပြီး သူ့​ေကာင်မလေးသူ့လက်အားချိတ်တွဲနိုင်ရန် လက်ကိုမိန့်မိန့်ကြီးပေးထားကာ အမြင်ကပ်စရာကောင်းလောက်အောင်မော်ကြွားနေ၏။

တတိယကားပေါ်မှာတော့ 28နှစ်အရွယ်ထိ faဖြစ်နေစဲဖြစ်သည့် မင်းစိုးနှင့်ဇင်ကြီးတို့ ဆင်းလာခဲ့သည်။ သူတို့က ရှေ့ကအတွဲနှစ်တွဲကြောင့် လမ်းတစ်လျောက်လုံး ချဥ်စူးလာရသည်မှာ အခွက်များပေါ်မှာပင် အထင်းသားပေါ်လို့နေခဲ့၏။

ဇိမ်းမှာ အားလုံးကို အိမ်ထဲဆွဲသွင်းလိုက်ပြီးနောက် သူ့အမေ၏ရင်ထုမနာအသံကိုကြားလိုက်ရတော့သည်။

"သားလေး...ဒီအိမ်က အောက်ခြေမှာခြတွေတောင်တတ်နေပါလား ဒီနားမှာဒီထက်ကောင်းတွေအိမ်တွေမရှိတော့ဘူးလား"

"ဦးသွေးအိမ်နဲ့ အနီးဆုံးကဒီအိမ်ပဲရှိတာ"

ဇိမ်းဖြေသံအဆုံးတွင် အကုန်လုံးက တိတ်ဆိတ်သွားကျ၏။ သူတို့က ဒီအိမ်ကိုငှားထားသည်နှင့်ပတ်သတ်ပြီး ဘာမှထပ်ပြောမလာခဲ့ကျတော့ပေ။

ယခုတွင် အနီသွေးရော၊သူတူမလေးပါအိမ်တွင်မရှိရာ လူများက ဒီကြားထဲကအကြောင်းများနှင့် ကားကား၏မင်္ဂလာပွဲအကြောင်းကိုပြောနေခဲ့ကျသည်။ ပြောနေရင်းမှ ကားကားတစ်ယောက် ဇိမ်းက သူ့ထက်ဦးအောင် မင်္ဂလာဆောင်မှာ စိုးရိမ်နေကြောင်း ဘူးပေါ်သလိုပေါ်သွားခဲ့၏။ ကားကား ပြောလာသည်က သူက သူတို့သူငယ်ချင်းတွေမှာ ပထမဆုံးအိမ်ထောင်ကျတဲ့သူဆိုတဲ့ဂုဏ်ပုဒ်နဲ့၊ပထမဆုံးအဖေဖြစ်သူဆိုတဲ့ ဂုဏ်ပုဒ်ကိုလိုချင်ပါဟုပြောလာခဲ့သည်။ သူတို့တွေ ကားကားကိုဝိုင်းမရယ်ပဲမနေနိုင်ခဲ့ကျပါပေ။

နှင်းဆီပုံပြင်/နှင်းဆီပုံပြင်(Completed)Where stories live. Discover now