အချိန်ကမနက်ခင်းစောစောဖြစ်၍ တောင်ပေါ်ဒေသမို့
အအေးဓာတ်လေးအနည်းငယ်ရှိနေသည်။ပုံမှန်ထက်စောစောနိူးနေတဲ့ဇိမ်းမှာ
နိူးထဲက ဝရံတာဘက်သို့အလိုလိုရောက်သွားရင်း နှင်းဆီခြံဘက်သို့လှမ်းကြည့်မိ၏။
အနီသွေးတစ်ယောက် ဘယ်ချိန်ထဲကများထနေလည်းမသိ နှင်းဆီတွေခူးနေတာများ ဘေးမှာအပုံကတော်တော်တောင်ကြီး၍နေပြီ။ဇိမ်းမှာ လူယုတ်မာအပြုံးပြုံးကာဖြင့်
မြန်မြန်မျက်နှာသစ်သွားတိုက်ကာ ခေါင်းဖီးခြင်းကိုလည်း သွက်သွက်သာလုပ်ဆောင်ပြီး
အနီသွေးရှိရာကိုကော့ကော့ ကော့ကော့နှင့်ထွက်လာခဲ့တော့သည်။သံတိုင်တွေနှင့်ကာရံထားသည့် ခြံရဲ့စည်းရိုးမှာ နှင်းဆီပင်တွေကို အပြင်လူများသံတိုင်ကြားကနေ လက်လှမ်းခူးလို့မမှီနိုင်ရုံသာကွာဝေးတာကြောင့် ထိုသံတိုင်များနှင့် နှင်းဆီပင်များကြားကနေရာလေးက လူသွားလမ်းကျဉ်းလေးသဖွယ်။
အနီသွေးမှာ ထိုလမ်းကျဉ်းလေးတွင်ရပ်ကာ
ဘေးဆုံးက နှင်းဆီပန်းတွေကိုခူးနေ၏။
အပွင့်လိုက်ရောင်းတဲ့ဖောက်သည်တွေအတွက် မနက်တိုင်းခူးရတာဖြစ်ပြီး
ဆူးမဲ့မဟုတ်လို့ခူးသည့်အခါအာရုံစိုက်ထားရသည်။ပန်းအရေအတွက်ကများတာဖြစ်လို့
မနက်အစောပိုင်းတွင်တောင် အနီသွေးနဖူးစပ်တို့တွင်ချွေးစလေးတချို့သီ၍နေသည်။မနေ့ညနေက ပန်းလာဝယ်သည်ဆိုသည့် ထိုဥပဓိရုပ်မကောင်းသည့်ကောင်လေးမှာ အနီသွေးရှိရာနားသို့ တည့်တည့်လာနေသည်ကိုလှမ်းမြင်လိုက်တော့ မနက်စောကြီး စိတ်ပင်အကျဉ်းတန်သွားသလိုလို။
အနီသွေးမျက်နှာကိုချက်ခြင်းသုန်မူန်ပြစ်လိုက်ပေမယ့် ထိုကောင်လေးကတော့ ပြုံးစစဖြင့် အနီသွေးအားပြုံးပြနေသည်တဲ့။သို့နှင့်အနားရောက်လာပြီး...
"ဝါး...ခူးလိုက်တော့ပန်းတွေအများကြီးပဲနော်
ရောင်းဖို့လားဦးသွေး
ကျွန်တော့်ကိုလည်း နည်းနည်းလောက်ရောင်းပါဦး"အနီသွေးကတော့ ထိုစကားကို မကြားချင်ယောင်သာဆောင်နေလိုက်၏။မနက်စောစောဖြစ်လို့ ဒေါသမထွက်ချင်သလို ပြဿနာလည်းမတတ်ချင်။
ပန်းတွေကိုမြန်မြန်သာခူးနေပြီး အတွင်းပိုင်းတွေကိုအရင်ခူးခဲ့မိတာကိုလည်း နောင်တရနေမိသည်။
![](https://img.wattpad.com/cover/240813149-288-k355757.jpg)
YOU ARE READING
နှင်းဆီပုံပြင်/နှင်းဆီပုံပြင်(Completed)