part 41

1.6K 128 5
                                    

"ဟယ်လို.."

ဇိမ်း၏ထူးသံကြားသည်နှင့် တစ်ဖက်က မင်းစိုးအသံကချက်ခြင်းထွက်လာပြီး...

::အေး...ငါ့ကောင် ဇင်ကြီးပြန်ရောက်နေပြီ တစ်ရက်လော​က်တွေ့ကျမယ်လေ မင်းဘယ်နေ့အားလဲ ကြာပါတယ်မနက်ဖြန်လာခဲ့လိုက် နေရာကိုငါပဲရွေးလိုက်မယ် ဘယ်မှာဆိုရင်ကောင်းမလဲ...

"အခုငါရန်ကုန်မှာမရှိသေးဘူး"

ဇိမ်းမှာ မင်းစိုး နေရာစဥ်းစားလို့မရသေးခင် ဖြတ်ပြောလိုက်၏။ တစ်ဖက်က မင်းစိုးကတော့ ဇိမ်း စကားကြောင့် ခဏအသံတိတ်သွားပြီးမှ မေးလာသည်။

::မင်း...ပြင်ဦးလွင်မှာလား

ဇိမ်းမှာ တိတ်တိတ်နေခြင်းနှင့်ပင်ဝန်ခံလိုက်သည်။ ထို့နောက်သူက သူနှင့်ရင်းနှီးသောနှင်းဆီခြံအားကြည့်၍နေ၏။ သူကအခု အရင်က ဇင်ကြီးရဲ့အိမ်ပေမယ့် အခု သူ့ရဲ့အိမ်ဖြစ်သွားပြီဖြစ်တဲ့ အပန်းဖြေစံအိမ်၏ ဝရံတာမှာရပ်နေခြင်းပင်။ သူ ခပ်ရေးရေးပြန်တွေးမိပါ၏။ ဇင်ကြီး ဒီအိမ်နဲ့ဒီခြံကို သူ့ကိုရောင်းလာအောင် သူဘယ်လောက်တောင်ကြိုးစားခဲ့ရပါလိမ့်။ အဲကောင်က သူ့မိဘတွေပေးထားတဲ့မွေးနေ့လက်ဆောင်မလို့ မရောင်းချင်ခဲ့ဘူးလေ။

ဖုန်းပြောခြင်းသည် ခဏမျှတိတ်ဆိတ်သွားပြီးနောက်တွင် မင်းစိုး၏ခပ်တိုးတိုးဆဲသံ ထွက်ပေါ်လာတော့သည်။

::စောက်ရူးကောင် မင်းအခုထိ အဲနေရာကိုသွားနေတုန်းပဲပေါ့ မင်းသေအောင်စောင့်နေ ဟိုကပြန်လာမှာမဟုတ်ဘူး ငါးနှစ်ကွ ငါးနှစ်တောင်ရှိသွားပြီး အဲဒီဘိုးတော်က အခုလောက်ဆိုအိမ်ထောင်တွေဘာတွေကျပြီး ကလေးတွေဘာတွေတောင်ရနေလောက်ပြီ

ငါးနှစ်။ ရက်ပေါင်း ထောင့်ရှစ်ရာကျော် ။
အချိန်တွေကမနည်းမှန်း သူလည်းသိပါ၏။ သို့သော် တစ်ခွန်းမှပြန်မပြောဖြစ်ခဲ့ပေ။

မင်းစိုးမှာ ဆူဆဲပြီးချိန်တွင် လေသံဖျော့သွားကာသက်ပြင်းချလျက် ပြောလာပြန်သည်။

::ဇိမ်းရာ ငါတို့မင်းတခြားတစ်ယောက်ကိုရှာနိုင်အောင် ဘယ်လိုကူညီရမလဲဆိုတာကိုပြောစမ်းပါ ကားကားတောင် သူ့ကောင်မလေးနဲ့ လက်ထပ်တော့မယ် သူ့ကောင်မလေးမှာကိုယ်ဝန်ရှိနေလို့လေ ငါပြောတာကိုနားလည်လား ငါတို့သူငယ်ချင်းတောင် ကလေးအဖေဖြစ်တော့မှာကွ မင်းရဲ့ငယ်ရွယ်ချိန်တွေကို တကယ်ပဲ အဲဒီစိတ်ကြီးနဲ့ပဲကုန်ဆုံးတော့မှာလား သိပ်နှမျောစရာကောင်းတယ်လို့များ မင်းမထင်ဘူးလားကွာ

နှင်းဆီပုံပြင်/နှင်းဆီပုံပြင်(Completed)Where stories live. Discover now