ဇိမ်းတစ်ယောက် အနီသွေးစကားတွေကိုလှစ်လျူရူပြီး ငါးပင်မြောက်ကို နှင်းဆီခြံထဲကသွင်းရင်း...
"ငါးပင်နော်..."
မနိုင်လို့မပြောတော့ပဲ လက်ခံတော့မလို့ကို အဲလိုအချိုးမပြေတဲ့စကားတွေကြောင့် အနီသွေးစိတ်တိုနေရတာ။ ရုပ်ကလည်း တကယ်ကိုမှစပ်ဖြီးဖြီးပြောင်ချော်ချော်။
ကျပ်ရောပြည့်ရဲ့လားမသိဘူး။
"ဦးသွေးအပင်တွေနဲ့ရောမှာစိုးလို့..ဟီး"
မကြည်ကြည့်တွေဇွတ်ကျွေးနေတဲ့ဦးသွေးကို ဇိမ်းအချိုသက်ရင်း ခြံထဲကိုလည်းဟိုကြည့်ဒီကြည့်နှင့်..။
"မင်းအပင်တွေကိုသက်သပ်ဖယ်ထားမှာ ပူမနေနဲ့"
ထွက်လာတဲ့ဦးသွေးအသံက ခပ်ဆက်ဆက်ရယ်။ သို့ပေသည့် ဇိမ်းကိုစိတ်ကွက်အောင်တော့မလုပ်နိုင်ပါဘူး။
"ဟုတ်.."
တတ်တတ်ကြွကြွပြန်ဖြေပြီး အကြည့်တွေက ပန်းရောင်သွေးကိုလိုက်ရှာနေမိသည်။
ဦးသွေးနားအမြဲနီးနေဖို့ဆို ဒင်းလေးနဲ့အဆင်ပြေပြေပေါင်းသင်းနိုင်ဖို့ကအရေးကြီးတယ်လေ။
"ပြန်တော့ ပန်းကမနက်စောမှခူးတာ "
တကယ်ပဲ ခြံထဲမှာရပ်နေတာ
သုံးမိနစ်တောင်မပြည့်သေးတာကိုနှင်ထုတ်ရက်တယ်။
"ဦးသွေးကလည်းဗျာ ခုမှခြံထဲရောက်ဖူးတာကို အပင်လေးတွေကြည့်.."
"ဘာမှမကြည့်နဲ့ မင်းကိုငါ့ခြံထဲအဝင်ခံရတာနဲ့တင်လန့်ဖို့ကောင်းနေပြီ"
စောတကတတ်ဖို့ဆင်ခြေယူလိုက်ပေမယ့် ဖြတ်ဝင်လာပါတဲ့ဦးသွေးအသံ။ဆုံးအောင်တောင်မပြောလိုက်ရဘူး။
ဘာမှပြန်မပြောပေမယ့် နူတ်ခမ်းဆူပြီး ဇိမ်းပေကပ်ကပ်ရပ်နေလိုက်တော့ ကျိမ်းမောင်းလာပါသည့်ဦးသွေး။
"မပြန်ရင်ငါ့စိတ်ပြန်ပြောင်းသွားနိုင်တယ်နော်"
"ပြန်မယ်ပြန်မယ်...အတင်းကိုနှင်ထုတ်နေတော့တာပဲ"
ကိုယ့်လက်ထဲရေရောက်ပြီးမှ ကိုယ်မသောက်လိုက်ရပဲမှောက်ကျတာမျိုးတော့ ဇိမ်းအဖြစ်မခံနိုင်ပါဘူး။ ထို့ကြောင့်မူန်တေတေပြန်ပြောရင်းပဲ အေးအေးဆေးဆေးနှင်းဆီခြံထဲကပြန်လာခဲ့လိုက်သည်။
မဟုတ်လည်း မနက်ကျတွေ့ရမှာပဲလေ ဟီးဟီး။
ESTÁS LEYENDO
နှင်းဆီပုံပြင်/နှင်းဆီပုံပြင်(Completed)