part 10

3.3K 350 20
                                        

ဒီ​နေ့အနီသွေးတစ်ယောက် စိတ်ကကြည့်မနေတာတော့အမှန်ပင်။
မနက်စောစောစီးပြဿနာရှာသွားတဲ့ သကောင့်သားလေးကိုပဲ စိတ်ထဲကနေပြစ်ပြစ်နှစ်နှစ်ကျိန်ဆဲနေ၏။

နီနီနိုးလာတော့ မနက်စာကိုတူရီးနှစ်ယောက်အတူစားကျပြီး ပန်းစည်းတဲ့နားမှာပဲ နီနီကိုဆော့နေစေသည်။နှင်းဆီပန်းများမှာ
ဆယ်ပွင့်တစ်စည်း ဆယ်စည်းကိုတစ်ထုံးထုံးတာဖြစ်ပြီး ဒီနေ့ကတော့ ပန်းစည်းတာ တော်တော်လေးကိုနောက်ကျနေသည်။
အရင်ရက်တွေကဆို ဒီချိန်ရောက်ရင်အကုန်ပြီးနေပြီ။

ပြောရင်း ယူနေကျပန်းသည်တွေရောက်လာတာမလို့ အနီသွေးပြာသွားရပြီး အားနာစွာနဲ့ပဲစောင့်ခိုင်းလိုက်ရသည်။
နောက်ဆုံး ပန်းသည်တွေရော ဝင်ကူစည်းမှ အချိန်မလင့်ခင်ပြီးသွားတော့သည်။

အပွင့်တစ်ရာစည်းခုနှစ်ထုံးရပြီး ကျန်အစည်းသေးလေးတွေ သုံးလေးစည်းကတော့ အပိုအဖြစ်ထည့်ပေးလိုက်ရသည်။

မိန်းမတွေကတော့ အပိုတောင်းတဲ့နေရာမှာအမြဲကိုဆရာကျနေတော့တာပါပဲ။

သူတို့ကလည်း တစ်ဆင့်ပန်းသည်တွေကို ပြန်ပြီးဖောက်သည်ပေးမှာဆိုတော့ အမြဲစောစောလာယူနေကျကို ဒီနေ့ကျမှနောက်ကျနေလို့ အနီသွေးကိုတောင် မထိတထိစသွားကျသေးရဲ့။

မနက်ခင်းရေးရာပြီးတော့ ပန်းပင်တွေကိုင်းသင်တာတွေ ရေလောင်းတာတွေလုပ်ပြီး အလုပ်ရူပ်နေတုန်း ဟိုဘက်ခြံကသကောင့်သားတွေ အပြင်ထွက်သွားကျတာကိုလည်း မြင်လိုက်ရသည်။
စိတ်ထဲမှာတော့ ခုထိကျိတ်မနိုင်ခဲမရဖြစ်နေစဲဖြစ်ပြီး အနီသွေးမှာတော့ ဒင်းတို့ကြောင့် စိတ်မောလူမောပါဖြစ်သွားရပေမယ့်
ဒင်းတို့ကတော့ အပျော်ခရီးတောင်ထွက်လို့တဲ့။

တစ်ချက်တော့ငြိုးထားလိုက်ပြီး ကိုင်းကူးဖို့အလုပ်တွေလည်း ရှိသေးတာဖြစ်လို့ အရင်ရက်တွေလိုပဲ နားလိုက်ခြံထဲမှာလုပ်စရာရှိတာလုပ်လိုက်နှင့် ။
နေ့ခင်းထမင်းစားပြီး နီနီအတူတရေးတမောအိပ်လိုက်သေးသည်။
နိုးတော့လည်း နီနီကိုအဖော်လုပ်ပေးရင်းကစားလိုက် တဖန် ခြံအလုပ်တွေလုပ်လိုက်နဲ့ပဲ တစ်နေကုန်ပြီး ညနေစောင်းစောင်းရောက်တော့ တူရီးနှစ်ယောက် ကွပ်ပြစ်ပေါ်ထိုင်လို့ဖရဲသီးခွဲစားနေတုန်း ဟိုဘက်ခြံကလူတွေပြန်လာတာကို မမြင်ချင်ပဲမြင်လိုက်ရ၏။

နှင်းဆီပုံပြင်/နှင်းဆီပုံပြင်(Completed)Dove le storie prendono vita. Scoprilo ora