အပိုင်း (၂)

6.6K 587 12
                                        

အပိုင်း (၂)

"ဦးသွေး ဒီအပင်လေးလည်းပွင့်တော့မှာ"

တူမဖြစ်သူစကားကြောင့် အနီသွေး နှင်းဆီပျိုးပင်တွေရေနေရင်းက လှည့်ကြည့်လိုက်မိသော် အပွင့်ဖြူဖြူလေးပွင့်တော့မည့် နှင်းဆီပင်လေးတစ်ပင်အား မနိုင်မနင်းသယ်မရင်း သူ့ထံလာနေသော ခြောက်နှစ်အရွယ်ကလေးမလေးတစ်ယောက်အား တွေ့လိုက်ရ၏။ သူမလေးက အနီသွေးရဲ့ တစ်ဦးတည်းသော မိသားစုဝင်အဖြစ်ကျန်ခဲ့သည့် ပန်းရောင်သွေးဟု အမည်ရသူလေးပင်။ ပန်းရောင်သွေးမှာ နီညိုရောင်ဘောင်းဘီလေးနှင့် အဖြူရောင်ဝက်ဝံရုပ်များပါသော အင်္ကျီလေးအားဝက်ထားကာ ကောင်းဘွိုင်ဦးထုတ်အသေးလေးကိုဆောင်းထားသဖြင့် အလွန်ချစ်ဖို့ကောင်းနေပေ၏။  အနီသွေးမှာ ချွေးများကိုသုတ်ရင်းက ပြုံးမိရသေးသည်။ သူမလေးက အနီသွေးအတွက်တော့ တကယ့်အမောပြေလေးပါပဲ။

အနီသွေးက ပန်းရောင်သွေးထံမှ ပန်းပင်အိတ်ယူကာ အောက်ချပေးလိုက်ရင်း...

"နီနီ ဒီအပင်လေးက နည်းနည်းသေးနေသေးတယ် ဦးသွေးတို့ နောက်လမှရောင်းတဲ့ထည့်ရအောင်လေ"

ပန်းရောင်သွေး၏ အိမ်နာမည်မှာ နီနီဟုခေါ်ပြီး အနီသွေးကလည်း ထိုသို့သာခေါ်တတ်၏။

အနီသွေးစကားကြားတော့ အနှီချစ်စရာကလေးမလေးက သူမလေး၏ ပေနေသောလက်လေးများကိုခါကာ အပင်လေးအားကြည့်လျက် ပြောလာလေသည်။

"ဦးသွေး ဒီအပင်လေးကလေ အမြဲသေးသေးလေးဖြစ်နေတာ နီနီတို့ခြံထဲကမထွက်ချင်လို့လားမသိဘူးနော်"

ထိုစကားကြောင့် အနီသွေးမရယ်ပဲမနေနိုင်ပါချေ။
သို့ပေသည့် သူမလေးစကားက မှားသည်တော့လည်းမဟုတ်ပါဘူး။ သူလည်းဒီအပင်လေးကိုမှတ်မိပါ၏။ ဒီအပင်လေးက တော်တော်လေးသေးနေလို့ဆိုပြီး ရောင်းမယ့်ထဲ မထည့်ဖြစ်တာ ဒါနဲ့ဆိုသုံးပြန်လောက်တောင်ရှိရော့မလားပဲလေ။ မထင်မှတ်ပဲ သူ့တူမလေးကလည်း ဒီအပင်လေးကိုမှတ်မိနေခဲ့ပေသည်။

အနှီသွေး၏ အဓိကအလုပ်မှာ နှင်းဆီအခင်းလိုက်စိုက်ခြင်းဖြစ်သော်လည်း အလှစိုက်နှင်းဆီအနည်းငယ်ကိုလည်း ပျိုးကာ အပင်လိုက်ဖောက်သည်ပေးရောင်းချသေး၏။ ဤအပင်ပေါက်ကတော့ဖြင့် ရောင်းသည့်ထဲထည့်ဖို့သေးလွန်းအားနေပေသည်။

နှင်းဆီပုံပြင်/နှင်းဆီပုံပြင်(Completed)Où les histoires vivent. Découvrez maintenant