အပိုင်း (၅)
အချိန်က ညနေစောင်းတွင်ဖြစ်သည်။
ထိုအချိန်တွင် ဇင်ကြီးနှင့်မင်းစိုးက အနားယူရာကနေနိုးလာပြီးနောက် အောက်ထပ်တွင် ဝိုင်ပုလင်းလေးတွေတောင်ဖောက်နေကျပြီဖြစ်၏။ ဒီနှစ်ကောင်က သောက်တဲ့နေရာမှာဆို အတော်လေးအတွဲညီပြီး ဒီဝိုင်ပုလင်းတွေကလည်း ပြင်လွင်ဦးမြို့ပေါ်ကနေ သူတို့စိတ်တိုင်းက ပတ်ဝယ်ထားကျတာပင်။
"မင်းတို့က ရက်တောင်မခြားပဲ ပုလင်းထောင်နေကျပြီပေါ့လေ"
ဇိမ်းမှာ ဗိုက်ဆာ၍ ရေချိုးပြီး အဝတ်တောင်မဝတ်နိုင်သေးပဲ ခါးမှာတဘက်လေးသာပတ်ခဲ့ပြီး မုန်စားရန်ဆင်းလာခဲ့ခြင်းဖြစ်သည်။ ဒီစကားကိုကြားတဲ့ မင်းစိုးကတော့ နှုတ်ခမ်းကိုမဲ့ရွဲ့ကာဖြင့် ဇိမ်းကို မသတီသလိုကြည့်လာပြီး..
"ကြွက်တွင်းကများ သူတော်ကောင်းလိုပြောနေသေးတယ် ထွီ!"
သူတို့သူငယ်ချင်းလေးယောက်ထဲမှာ ဇင်ကြီးနဲ့မင်းစိုးကသောက်ရတာအကြိုက်ဆုံးဆိုရင် ဘယ်သူကအသောက်နိုင်ဆုံးမလို့လဲ။ အဲတာက သေချာပေါက် နေနော်ဇိမ်းဆိုတဲ့ကောင်ပဲလေ။ သူတို့တွေဘယ်လောက်သောက်ရတာကြိုက်ကြိုက် ဒီကောင့်ကိုဆိုယှဥ်မှမသောက်နိုင်တာ။
အနည်းငယ်ရီဝေဝေဖြစ်နေပြီဖြစ်သည့် ဇင်ကြီးသည် ဒါကိုကြားတော့ရယ်လိုက်ပြီး အိပ်ချင်မူးတူးနဲ့ခုမှဆင်းလာသည့်ကားကားကပါ လှောင်သလိုရယ်နေသော်လည်း ဇိမ်းကတော့ သူတို့ကိုဂရုစိုက်မနေပေ။ သူက ရေခဲသေတ္တာထဲက တွေ့ရာမုန့်ကိုအမြန်ယူပြီး ပါးစပ်ထဲထိုးထည့်လိုက်ကာ မင်းစိုးလက်ထဲကဝိုင်ခွက်ကိုဆွဲယူ၍ သောက်လိုက်တော့မှ အတော်လေးနေသာထိုင်သာရှိသွားခဲ့သည်။ သူတော်တော်လေးကိုဆာနေခဲ့တာလေ။ ဇိမ်းမှာ ထိန်းရခက်တဲ့အကျင့်တစ်ခုရှိပြီး အဲတာက သူကဗိုက်ဆာတာကိုလုံးဝခံနိုင်ရည်မရှိတာပါပဲ။ နည်းနည်းလောက်ဗိုက်ဆာနဲ့ သူကမနေနိုင်မထိုင်နိုင်ဖြစ်လာလိမ့်မယ်။
နောက်တော့ မုန့်တစ်ဗူးဆွဲယူခဲ့ကာ ခုံမှာဝင်ထိုင်လိုက်ပြီး နေ့ခင်းက နှစ်လိုဖွယ်ကောင်းတဲ့မြင်ကွင်းကိုသတိရလျက် ဇင်ကြီးကိုမေးလိုက်သည်။
ESTÁS LEYENDO
နှင်းဆီပုံပြင်/နှင်းဆီပုံပြင်(Completed)