မင်္ဂလာရှိတဲ့မနက်ခင်းလေးပေါ့။
သို့ပေသည့် ဇိမ်းအတွက်ကတော့ အစောကြီးထရတာအဆင်ပြေမနေပါဘူး။ အအေးဒဏ်လည်းရှိတဲ့အပြင် အလင်းရောင်တောင် ကောင်းကောင်းမပွင့်သေးတဲ့အချိန်လေ။ဒါပေမယ့်လည်း ဘယ်လိုလုပ်မလဲ။ ဒီအခွင့်ရေးကိုတောင် မနည်းယူထားရတာဆိုတော့ လက်လွတ်ခံလို့တော့မရဘူးပေါ့။
လက်ရှည်တစ်ထည်ကောက်စွပ်လိုက်ပြီးတော့ပဲ နှင်းဆီခြံဘက်လှမ်းခဲ့တော့တာ
ဦးသွေးက နှင်းဆီပင်တွေနားမှာတော့မရှိသေးဘူး။
သူကပဲအရမ်းစောနေလို့များလား။မရောင်မလည်နဲ့ ခြံတံခါးနားရောက်သွားတော့မှ ဦးသွေးကိုတွေ့လိုက်ရသည်။
သွားကိုဖြီးနေအောင်ရယ်ပြပါရင်း...
"မောနင်းဦးသွေး နည်းနည်းအေးတယ်နော့"
အနီသွေးတောင် ခုနလေးမှနိုးလို့ ပန်းခူးဖို့အတွက်ပြင်ဆင်နေတုန်းဆိုတော့ စိတ်ထဲမှာတော့ဒီခွေးကောင်လေး ဝိရိယတော့ရှိသားလို့ တစ်ချက်တွေးမိသွားသည်။
သို့ပေသည့် အမူရာကိုထိန်းထားရင်းနှင့်ပဲ..."ခြံတံခါးကသော့ခက်မထားဘူး.."
ထိုစကားက ဝင်လာခဲ့လို့ပြောသည်နှင့် ဘယ်မှာခြားနားလို့လဲ။
ဇိမ်းတို့ကတော့ စိတ်ထဲ အပျော်လိူင်းတွေတဝုန်းဝုန်းနဲ့ကိုနေတာပါပဲ။"ဘာတွေလဲဦးသွေး.."
ကွပ်ပြစ်ပေါ်ကပစ္စည်းကိုကြည့်ပြီး မေးလိုက်တော့ ကတ်ကြေးလိုလို ပစ္စည်းအားဇိမ်းစီလှမ်းပေးရင်းဆိုလာသည်။
"ပန်းညှပ်တဲ့ကပ်ကျေးလေ မမြင်ဖူးဘူးလား"
"ဒါက အရက်ပြန်ထင်တယ်"
အရက်ပြန်တွေရောဂွမ်းထုတ်တွေရော တွေ့ရတာကြောင့် ဦးသွေးစကားကိုအရေးမလုပ်အားသေးပဲမေးလိုက်မိတော့ စပ်စုလိုက်တာဟူသော အကြည့်နှင့်ကြည့်လာသည့်ဦးသွေးပင်။
"ပန်းခူးပန်းခူးဆိုတိုင်း ကပ်ကြေးနဲ့ညှပ်ချလိုက်ရင်ပြီးသွားပြီထင်နေလား အရင်ဆုံး ကပ်ကျေးကိုအရက်ပြန်ပိုးသတ်ထားရတာ"
"တကယ်ကြီးလား ဘုရားစူးဦးသွေးပြောမှပဲသိတော့တယ်"
ကပ်ကျေးကိုတရူံ့ရူံ့နမ်းရင်းပြောနေတဲ့ ထိုကလေးစကားတွေကို အနီသွေးဂရုမစိုက်တော့ပဲ ပန်းခူးဖို့စတင်လိုက်ရသည်။ကပ်ကျေးနှစ်လက်ရှိနေလို့တော်သေးပေမယ့် ခုထိအဲဒီခွေးကောင်လေးကို သူ့အပင်တွေအထိခံရမှာဝန်လေးနေတုန်းပင်။
![](https://img.wattpad.com/cover/240813149-288-k355757.jpg)
YOU ARE READING
နှင်းဆီပုံပြင်/နှင်းဆီပုံပြင်(Completed)