part 29

1.6K 181 19
                                    


အနီသွေးမှာ ထိုညက ​အိပ်လို့ပင်မရပါချေ။ နဂိုထဲကသူ့၏ အတွေးများနေသောစိတ်တွင် ထိုခွေးကောင်လေးနှင့်တွေ့ပြီးနောက် ပိုဆိုးလာခဲ့သည်။ သူ့ဘဝတွင် ယောင်္ကျားလေးတစ်ယောက်နှင့် ဤကဲ့သို့အခြေမျိုးထိပက်သက်မိလိမ့်မည်ဟုလည်း ယောင်လိ​ြ့တောင်မတွေးခဲ့ဖူးတော့ အနည်းငယ်စိတ်လှုပ်ရှားနေတာလည်းဖြစ်နိုင်သည်။ ​ဘာပဲပြောပြော သူ့ဘဝသည် ထိုကောင်လေးနှင့်တွေ့ထဲက ပုံမှန်မဟုတ်ခဲ့တော့။

ယောင်္ကျားလေးနှစ်ယောက်ကြားက ဒီလိုပက်သက်မူက တကယ်ရောစစ်မှန်နိုင်ရဲ့လားဆိုတာလည်း အနီသွေးမေးခွန်းထုတ်နေလျက်ရှိ၏။ တကယ်လို့မစစ်မှန်ခဲ့ရင်ရော... အကယ်၍များ သူထင်သလို အဲဒီကောင်စုတ်လေးက ခဏလေးနဲ့သူ့ကိုငြီးငွေ့သွားပြီထားပါတော့ သူတော့သေလောက်အောင်ဒေါသထွက်မိလောက်မည်။

ဘယ်လောက်ပင် အတွေးတွေကိုမောင်းထုတ်ပြီး အိပ်ပျော်ဖို့ကြိုးစားကြည့်ကြည့်အချည်းနှီးပင် ဖြစ်၍နေခဲ့သည်။ အိပ်မပျော်လေ သူပိုတွေးမိလေ။ သူပိုတွေးမိလေ အိပ်ပျော်ဖို့ကြိုးစားလေဖြစ်ပြီး ထိုသို့နှင့်သာ တစ်ညလုံး သံသရာလည်နေခဲ့သည်။
သည်လိုနှင့်ပင် ပန်းခူးဖို့ထနေကျအချိန်သို့ရောက်လာခဲ့ပြီး ထလိုက်ရတော့၏။ အနီသွေးအတွက်တော့ တစ်ရေးမှအိပ်မပျော်ခဲ့သော ညတစ်ညပါပင်။

ပန်းခူးဖို့ရာအတွက် ပြင်ဆင်နေရင်းနှင့်လည်း ခေါင်းထဲ၌ အတွေးတွေနဲ့သာပြည့်နှက်နေခဲ့ရ၏။ အနီသွေးတွင် ဒီအသက်ရွယ်ထိ နှစ်သက်ခဲ့ရတဲ့တစ်ဦးတည်းသောမိန်းကလေးနှင့် အနီသွေးကိုသာ နှစ်သက်ပါသည်ဆိုသော အနှီခွေးကောင်လေးတို့နှစ်ဦးအကြောင်းပင်။ တကယ်ဆို ယှဉ်ပြီးရွေးဖို့ရာမလိုအပ်ပေမယ့်လည်း သူလည်း တစ်သက်လုံးသူများကိုသာချစ်ပေးခဲ့ရတာဖြစ်၍ နှလုံးသားက တကယ်ကိုပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။ ပြီးတော့ နှစ်သက်သဘောကျခံရတဲ့ ခံစားချက်ကို အနီသွေးလည်း သဘောကျသလိုလိုရှိတယ်လေ။ ယောင်္ကျားလေးတစ်ယောက်ဖြစ်နေတော့လဲဘာအရေးလဲ။ သဘောကျဖို့ကအရေးကြီးဆုံးပဲဆိုပေမယ့် တစ်ဖက်ကသူမကိုလည်း အနီသွေးအနေနှင့် လက်လွတ်လိုက်ဖို့ခဲယဉ်းနေပြန်သည်။ တကယ်လို့ အတည်တကျသာ ရွေးချယ်ရမယ့်အချိန်များရောက်လာခဲ့ရင် အနီသွေးလုပ်နိုင်ပါ့မလားတောင် မသိတော့ပါချေ။

နှင်းဆီပုံပြင်/နှင်းဆီပုံပြင်(Completed)Where stories live. Discover now