ဇိမ်းတစ်ယောက် ဧည့်ခန်းထဲမှာတစ်ယောက်ထဲရှိနေတုန်း မနက်ကမှခိုးရိုက်လာတဲ့ ဦးသွေးပုံကိုကြည့်ပြီး ကြည်နူးလို့ကိုမဆုံးပေ။ခေါင်းကျိမ်းကျိမ်းနဲ့ပဲ အတင့်ရဲပြီးခိုးရိုက်လိုက်တာ မမိတာပဲတော်သေးတယ်လို့ပြောရမလားပဲ။ဘာပဲပြောပြော ဒီနေ့ဦးသွေးက တော်တော်လေးစိတ်ကြည်နေပုံရပြီး စကားလည်းကောင်းကောင်းပြန်ပြောတယ်။
အရမ်းကောင်းကောင်းပြောတာတော့ မဟုတ်ပေမယ့်လို့ပေါ့။ဦးသွေးအနေနဲ့
နှင်းဆီပန်းတွေကိုဒီလောက်ကြိုက်မယ်လို့တော့ ထင်မထားခဲ့ဘူး။ကျွန်တော်တောင် အဲဒီနှင်းဆီပန်းတွေကိုမနာလိုတော့ဘူး သိရဲ့လား။ကြည်နူးမူတွေလျှံတတ်နေရင်းနဲ့ပဲ ဖုန်းမျက်နှာပြင်ပေါ်က နှင်းဆီတစ်ပွင့်ကိုငုံနမ်းနေတဲ့နုတ်ခမ်းတစ်စုံစီကနေ အကြည့်မခွာနိုင်ပေ။
"ကျွန်တော်လည်း ထိတွေ့ကြည့်ချင်တာပေါ့"
ခပ်တိုးတိုးရေရွတ်မိပြီးမှ ဖုန်းမှန်ပြင်ကိုအသာထိတွေ့ကြည့်နေမိတုန်း..
"ဘာတွေကြည့်နေတာလဲ!"
"လန့်တာကွာ..အသံလေးဘာလေးမပေးဘူး"
နောက်ကနေ ဗြုန်းခနဲရောက်လာတဲ့မင်းစိုးကြောင့် ဖုန်းကိုအမြန်ပေါင်ပေါ်မှောက်ချလိုက်ရပြီး လူကလည်းလိပ်ပြာတောင်လွင့်ချင်ချင်ဖြစ်သွားရသည်။
သို့သော် မင်းစိုးကတော့သေချာမြင်လိုက်ရတယ်ထင်ပါ့။
"ဟိုဘက်ခြံကဘိုးတော်မလား အဲလိုဓာတ်ပုံမျိုးအရိုက်ခံတဲ့အထိ မင်းတို့ကရင်းနှီးသွားပြီလား"
"ဟုတ်မလားကွ ခိုးရိုက်ထားတာ"
မင်းစိုးအမေးကို ဇိမ်းခပ်ဆောင့်ဆောင့်သာပြန်ဖြေလိုက်ပြီး တွေ့သွားပြီဆိုမှတော့ ဖွတ်ထားလည်းမထူးတော့တာဖြစ်လို့ ပြန်ပြီးသာကြည့်နေလိုက်သည်။
"ကြည့်လုပ်နော် သိသွားမှာထပ်အဆော်ခံနေရမယ်"
မင်းစိုးကပြောရင်း
ဇိမ်းရှေ့လာထိုင်ကာ ထပ်ပြောလာသည်။"မင်းအဲဒီဘိုးတော်ကိုသဘောကျနေတာလား"
မင်းစိုးအမေးကြောင့် ဇိမ်းတစ်ချက်တော့တွန့်သွားရ၏။သို့ပေမယ့်ဇိမ်းက ဖုံးကွယ်ထားရကိုလည်းမနှစ်မြို့ပေ။
ESTÁS LEYENDO
နှင်းဆီပုံပြင်/နှင်းဆီပုံပြင်(Completed)