နောက်တစ်နေ့ မနက်ခင်းတွင် အနီသွေးတို့၏အိမ်သည် ထုံးစံအတိုင်း ပန်းရောင်သွေးကို နိုးခြင်းဖြင့်ဆူညံနေခဲ့သည်။
ပန်းရောင်သွေးကျောင်းသွားရန် အဆင်သင့်ဖြစ်သောအချိန်တွင် ခြံဝ၌ ဇိမ်းအားတွေ့လိုက်ရ၏။ သူမက ခုထိဒီလူကိုကြည့်မရသေးသော်လည်း သူ့ဦးလေးမျက်နှာနှင့်မမြင်ချင်ယောင်သာဆောင်နေခဲ့သည်။
ဇိမ်းမှာ ပန်းရောင်သွေးက သူ့ဘေးကနေစက်ဘီးထွန်းရင်း နဂါးမျက်စောင်းများပေးကာ ထွက်သွားခဲ့တာကြောင့်ရယ်တော့၏။ ထို့နောက် ခြံထဲဝင်ခဲ့ကာ အနီသွေးကို ပြောလိုက်သည်။
"ကြည့်ရတာ မနေ့ကလောက် မတင်းတော့သလိုပဲ"
ပြောရရင်ဖြင့် ထူးဆန်း၏။ သူတို့သည် ငါးနှစ်ကျော်မျှဝေးကွာခဲ့ကြာသော်လည်း ပြန်တွေ့ချိန်တွင် စိမ်းသက်နေသကဲ့သို့မရှိ။ နေ့စဥ် အတူနေမြင်တွေ့နေရသည့်အတိုင်း ရင်းနီးကျွမ်းဝင်မှုလေးကရှိနေခဲ့သည်။
အနီသွေးမှာ အခုချိန်တွင်သူ့တူမလေးဆန္ဒကမတည်ငြိမ်သေးတာ သိနေတာကြောင့် ဒီရှေ့ကကောင်လေးကို သတင်းကောင်းအဖြစ်ပြောမပြချင်သေးပါချေ။ သူက အလုပ်သွားဖို့ပြင်ရင်း စကားလမ်းကြောင်းလွဲလိုက်ရသည်။
"မင်း အရင်တုန်းကအတိုင်းပဲ အလုပ်လက်မဲ့ဖြစ်နေတုန်းလား"
ဇိမ်းမှာ ထိုစကားကြောင့်နာကျင်သွားတော့သည်။ သူရုပ်ကများ အသက်သုံးဆယ်နားကပ်တဲ့ထိ အလေလိုက်နေတဲ့သူနဲ့ တူနေခဲ့သည်လား သိချင်သွားသည်။
"ဘယ်လိုတောင်ပြောရက်တာလဲ ဦးသွေးရာ ကျွန်တော်အဲလောက်ထိသုံးစားမရတဲ့သူလည်းမဟုတ်ပါဘူး အရမ်းအထင်သေးတာပဲ"
"မသိဘူးလေ မင်းပုံစံက အဲလိုထင်နေရတာကို"
ဇိမ်းမှာ သက်ပြင်းချကာထပ်ပြီး ထိုအကြောင်းမပြောချင်တော့ပါချေ။ သူက အနီသွေးကိုပဲ သွားဖတ်ရန်ကြိုးစားလိုက်သည်။
အနီသွေးကတော့ သူ့လက်ထဲတွင်အမိမခံပါချေ။ ရှောင်ထွက်သွားပြီးနောက် မေးလာခဲ့သည်။
"မင်းခေါင်းထဲမှာ အသားယူဖို့ပဲတွေးနေတာလား"
ဇိမ်းက ထိုစကားကြောင့် နှာခေါင်းအား ပွတ်လိုက်ပါ၏။ သူက အနီသွေးကိုမရဲတရဲလှမ်းကြည့်ပြီး...
ВЫ ЧИТАЕТЕ
နှင်းဆီပုံပြင်/နှင်းဆီပုံပြင်(Completed)