part 7

3.7K 399 16
                                        

အချိန်ကညပိုင်းဖြစ်ပြီး အပန်းဖြေစံအိမ်ထဲကထမင်းဝိုင်းမှာတော့
ဘယ်သူမမှစမစားသေးပဲ ဇိမ်းကိုသာစိတ်ပျက်စွာကြည့်နေကျ၏။

"မင်းတကယ့်ပြဿနာကောင်ပဲ ပန်းကဘာလုပ်ဖို့သွားဝယ်တာလဲပန်းက.."

ဇင်ကြီးရဲ့ ထိုစကားကို
ဇိမ်းသည်နည်းနည်းလေးတောင်အရေးလုပ်မနေ။ မကြားချင်ယောင်သာဆောင်နေပြီး
ရှေ့ကထမင်းဝိုင်းကိုပဲမကြည်စွာစိုက်ကြည့်နေလေသည်။

"နှင်းဆီပန်းလိုချင်တာများ
ဒေါ်ကြီးမနက်ကျ မြို့ပေါ်က ဈေးမှာသွားဝယ်ပေးလို့ရပါတယ် ဘာအရောင်လဲသာပြောလိုက်"

ဒေါ်ကြီးကပါမနေသာလို့ဝင်ပြောပေမယ့်
ဇိမ်းဆိုသည်က ကပ်လိုက်ရမှ။

"အဲဒီခြံထဲကပန်းပဲရချင်တာ"

"မင်းတကယ့်ကောင်ကွာ...ပြဿနာမရှာပါနဲ့ အဲလူကအားနာတတ်တဲ့သူမဟုတ်ဘူးကွသိလား"

ဇင်ကြီးစိတ်ပေါက်စွာ ထပ်ပြောလိုက်တော့ဇိမ်းကလည်းမခံစွာနှင့်။

"ငါကဘာများအမှားလုပ်ထားလို့
သူကမရောင်းနိုင်ရလဲ ငါတကယ် အဲဒီခြံထဲကနှင်းဆီပန်းကိုဝယ်ချင်ရုံလေးလေ"

"မင်းတကယ်ကွာ.."

ဇင်ကြီးမနိုင်စွာနဲ့ ကိုယ့်ဂုတ်ပိုးသားကိုယ်နိပ်မိတုန်း
ဇိမ်းကထပ်မံဆိုလာသည်။

"မနက်ကျထပ်သွားဦးမှာ မရောင်းမချင်းသွားနေမှာ အဲဒီခြံထဲကပန်းကိုရအောင်ကိုဝယ်ဦးမှာ"

"အား...တကယ်ပါပဲ
သူ့ခြံထဲကပန်းတွေက
ပြောသလောက်လည်းကောင်းမနေပါဘူးကွာ"

ဇင်ကြီးမှာ သူ့ခေါင်းသူသာတဗျင်းဗျင်းကုတ်ကာပြောမနိုင်တဲ့ဇိမ်းကြောင့် စိတ်ပေါက်နေလျက်။

"ငါကပန်းလေးနည်းနည်းလောက်ပဲဝယ်ချင်တာလေ
သူဘာမလို့မရောင်းရတာလဲ
မကျေနပ်ဘူးကွာ မကျေနပ်ဘူး"

ဇိမ်းက တစ်ခါတစ်လေ အဲလောက်ထိကိုပြောရခက်ပါသေးသည်။
ဇင်ကြီးကတော့ လက်မြောက်လိုက်ပြီဖြစ်ပြီး ဘာမှကိုပြောမနေချင်တော့။
ခေါင်းတရမ်းရမ်းနဲ့ပဲ
အားနာဖွယ်ကောင်းတဲ့ထမင်းဝိုင်းကို ဦးစွာစစားလိုက်တော့သည်။

နှင်းဆီပုံပြင်/နှင်းဆီပုံပြင်(Completed)Where stories live. Discover now