အနီသွေးမှာ ဇိမ်း၏စကားများအဆုံးတွင်တော့ အခွံချွတ်ခံလိုက်ရသည့် အခွံမာကောင်လေးတစ်ကောင်နှယ် တုန်လှုပ်သွားရတော့၏။ဒါက အိမ်မက်ဖြစ်နေရင်ကောင်းမှာပဲ။
ဒီနေ့ကို ကျော်သွားလိုက်ရရင် ဘယ်လောက်ကောင်းမလဲ။အနီသွေးမှာ သူ့မျက်နှာသူအုပ်ကိုင်ရင်း ဘယ်သူ့ကိုမှမရည်ရွယ်တဲ့ ကျိန်ဆဲသံတချို့အားခပ်တိုးတိုးရေရွတ်နေမိသည်။ အစက သူမျက်နှာပြောင်တိုက်ပြီး ငြင်းဖို့စဥ်းစားနေသေးသည်။ သို့သော် သူအမှန်တရားကိုလိမ်ရမှာနည်းနည်းရှက်နေသလို ဇိမ်းကလည်း သူ့ကိုအလွတ်မပေးခဲ့ပါချေ။
"ဦးသွေးငြင်းချင်လည်းငြင်းပါလေ ကျွန်တော်က အဲတုန်းကရှိခဲ့တဲ့လူတိုင်းကိုမေးပြီးပါပြီ ဘယ်သူက အဲဒီနှင်းဆီပင်ငါးပင်ကိုကားပေါ်တင်ပေးလိုက်သလဲဆိုတာပါ သိခဲ့ပြီးပြီ"
အနီသွေးမှာ မလိမ်လိုက်မိတာကိုပင် ကိုယ့်ကိုကိုယ်မျက်ရည်ဝဲမတတ်ကျေးဇူးတင်သွားရသည်။ မဟုတ်ရင် သူ တစ်ရှက်ကနေ နှစ်ရှက်ဖြစ်နေဦးမှာ။
"ဦးသွေး တကယ်ပြောမပြချင်ဘူးလား
ဘာလို့ ကျွန်တော့်ကိုထားခဲ့ပြီး ကျွန်တော့်နှင်းဆီပင်တွေကျယူသွားရတာလဲ ဦးသွေးမှာတခြားရွေးချယ်စရာအများကြီးရှိခဲ့တာပဲလေနော် ဘာလို့ ကျွန်တော့်အပင်ငါးပင်ထဲလဲ မဟုတ်မှလေ...""မင်း!.."
အနီသွေးမှာ ဆက်ပြောလာသည့် စကားများကိုနားမထောင်ဝံ့တော့ပါချေ။ သူတားလိုက်ပြီး မျက်လုံးစုံမှိတ်ကာပြောလိုက်သည်။
"တော်တော့ ဆက်မပြောနဲ့တော့
ဆင်းလာခဲ့"ဇိမ်း၏မျက်နှာက အပြုံးပန်းတွေဝေဆာသွားတော့သည်။ သူက တုန့်ဆိုင်းခြင်းမရှိပဲ ချက်ခြင်းပြန်အဖြေပေးခဲ့ပါ၏။
"ဟုတ်.."
တတ်ကြွသည့်ပြန်ဖြေသံထွက်ပေါ်လာပြီးနောက်တွင် ဇိမ်းကို တစ်ဖက်က နှစ်ထပ်အိမ်မြင့်ရဲ့ပြတင်းပေါက်မှာ မတွေ့ရတော့ပါချေ။ ခဏကြာတော့ သူ့အိမ်ရှေ့သို့ ရောက်လာပြီး ပန်းရောင်သွေးထွက်သွားထဲကပြန်မပိတ်ရသေးသော တံခါးမှ အားနာမှုစိုးစဥ်းမှာမရှိစွာပင် ဝင်ရောက်လာခဲ့သည်။
နောက်တော့ အနီသွေးဆီခြေလှမ်းကျဲကြီးများဖြင့် လှမ်းလာပြီး ဆွဲဖတ်တော့သည်။
KAMU SEDANG MEMBACA
နှင်းဆီပုံပြင်/နှင်းဆီပုံပြင်(Completed)