part 17

2.1K 228 16
                                    


နေနော်ဇိမ်းတို့ အာရုံနှစ်ပါးပွင့်တာနဲ့တစ်ပြိုင်နက် ဝရံတာဘက်ပြေးရပြီ။
မနေ့ညက ဦးသွေးညနက်တဲ့ထိမအိပ်ဘူးမလား။ ဇိမ်းတောင် သူအိပ်တဲ့ထိထိုင်​ကြည့်နေမိလို့ ​တော်တော်လေးညနက်မှအိပ်ဖြစ်တာလေ။

ကောင်းကောင်းမပွင့်သေးတဲ့ မျက်လုံးကိုပွတ်ရင်းသပ်ရင်း ခြံထဲလှမ်းကြည့်လိုက်တော့ ဦးသွေးရဲ့ ယူနေကျပန်းသယ်တွေတောင်ရောက်နေပြီး ပန်းတွေယူပြီးလို့ ပြန်ဖို့ခြံတံခါးဝရောက်နေကျပြီတဲ့လေ။ဆိုတော့ ဦးသွေးက ပုံမှန်လိုစောစောပဲထပြီး ဇိမ်းကသာအိပ်ယာထနောက်ကျနေတာပေါ့။

ပန်းသည်တွေ နှင်းဆီခြံနဲ့တဖြေးဖြေးဝေးသွားတဲ့မြင်ကွင်းအဆုံး နှင်းဆီခြံထဲပြန်ကြည့်မိတော့ ပန်းသွေးကိုဘာတွေပြောနေမှန်းမသိတဲ့ဦးသွေး..။ကြည့်ရသလောက်ကတော့ အဆင်ပြေတယ်ထင်ရတာပါပဲ။
ဒါနဲ့ပဲနှင်းဆီခြံထဲကနေ အကြည့်တွေရွေ့လိုက်တော့ နှင်းဆီခြံခြေနားမှာ ဇိမ်း စီနေအောင်စိုက်ထားပါတဲ့ နှင်းဆီငါးပင်ထဲကတစ်ချို့က အပွင့်ရောင်လေးတွေသမ်းနေကျပြီတဲ့။

ဇိမ်းတစ်ယောက် ညဝတ်အက်ျီတောင်မလဲနိုင်ပဲ ခြံထဲပြေးရပြီ။ ကောင်းကောင်းမှပွင့်ရဲ့လားသိချင်လွန်းလို့ ဒီနှင်းဆီပင်လေးတွေက ဇိမ်းဘဝမှာပထမဆုံးစိုက်ဖူးတဲ့အပင်လေးတွေဖြစ်ပြီး သေသေချာချာလေးပျိုးထားရတာလေ။ ပြီးတော့ တွေးကြည့်ရင်အမှတ်တရတွေတောင်အပြည့်နဲ့။

ပထမဆုံးအကြိမ် ကိုယ့်လက်နဲ့ကိုယ်ပန်းပင်စိုက်ဖူးခြင်းပေမယ့်ဝန်ခံရရင် နေနော်ဇိမ်းတို့က အပင်စိုက်ရတာကိုသဘောကျတဲ့လူမျိုးထဲကမဟုတ်လေဘူး။
မဟုတ်ပေမယ့်လည်း အပွင့်လှလှလေးတွေပွင့်ရင် ဦးသွေးအမြင်ကပ်အောင်ကြွားရဦးမှာလေ။ ရည်ရွယ်ချက်ဒါပဲ။ ဒါရယ် ဦးသွေးကနှင်းကနှင်းဆီတွေကိုသဘောကျလို့ရယ်။

ကိုယ်လက်နဲ့ပျိုးလို့ပွင့်တာကိုလိုချင်လွန်းလို့မှ အပင်ဝယ်စကပါလာတဲ့အဖူးတွေကိုပါ ညှပ်ပြစ်ခဲ့ရတာ။ ပန်းအိုးတွေကိုနှင်းဆီခြံခြေနားကပ်ချထားပြီး မနက်တိုင်း ဦးသွေးပန်းခူးနေတဲ့အချိန်တွေဆို ဦးသွေးကိုရောက်တတ်ရာဂါတွေပြောရင်း ရေလောင်းလိုက် အား​ဆေးကျွေးလိုက်နဲ့ အဲလို အဲလို ဦးသွေးကိုမနက်တိုင်းစိတ်အနှောက်ယှက်ပေးရင်း သေချာလေးဂရုစိုက်ခဲ့ရတာလေ။

နှင်းဆီပုံပြင်/နှင်းဆီပုံပြင်(Completed)Où les histoires vivent. Découvrez maintenant