"မင်း! မိလို့ကတော့မလွယ်ဘူးသာမှတ်!!"
ဇိမ်းသည် ကြုံးဝါးလိုက်ပြီး မင်းစိုးနောက်ကပြေးလိုက်သွားတော့၏။ ကားကားသည်လည်း ဇိမ်းကိုကူ၍ မင်းစိုးအားလိုက်ဖမ်းရန် ပါသွားခဲ့သည်။ မင်းစိုးကတော့ ပြေးရင်းလွှားရင်းပင် အကင်များအားပလုတ်ပါးလောင်းဖြင့် အလောတကြီးစား၍နေသည်။ အနှီသုံးဦး၏ ပြေးပြေးလွှားလွှားဆူညံ့ဂယက်ထမှုသည် ဘေးနားကလူများကိုသတိထားမိစေပြီးလှမ်းကြည့်လာစေသည်။ သို့သော် ဘယ်သူကမှတော့ အပြစ်မပြောခဲ့ချေ။
ဇင်ကြီးကတော့ အနီသွေးတို့တူအရီးနှင့်ကျန်နေခဲ့ပြီး ကျန်ခဲ့သည့်အကင်များကိုတတ်ညီလက်ညီနှင့် အသံပင်မထွက်ပဲစားနေကျလေသည်။ ထို့ကြောင့် အနှီသုံးကောင်ပြန်ရောက်သည့်အချိန်တွင် အကင်များမှာသိပ်မကျန်တော့။
ဇိမ်းမှာ ဇင်ကြီးအား သူတို့အတွက်မချန်ထား၍ပြောချင်ပါသော်လည်း ထိုစားသည့်ထဲတွင် သူ၏ဦးသွေးလည်းပါနေလေရာ မပြောတော့ပါချေ။ သူက မင်းစိုးကိုပဲ ဖင်ဆောင့်ကန်လိုက်ပြီး နောက်ထပ်အကင်များသွားဝယ်ခိုင်းလိုက်တော့သည်။ ပန်းရောင်သွေးမှာ သူတို့အချင်းချင်း ဤသို့ဆူညံဆူညံဖြစ်နေခြင်းအား သဘောကျပုံပေါ်၏။ သူတို့တွေအချင်းများလျှင် ခိုးခိုးခစ်ခစ်အသံလေးဖြင့်ရယ်နေတတ်သည်။
သူတို့တွေခဏနားပြီးလျှင် ထပ်၍မရောက်သေးသောနေရာများအား သွားရောက်ကြည့်ရူကျသည်။ ပန်းပွဲတော်တွင် အများအားဖြင့် ပန်းများကိုသာပြသထားတာဖြစ်ပြီး လှည့်ပတ်ကြည့်ရူစရာများပြားလှသည်။ သူတို့တွေချောင်ကြိုချောင်ကြားထိအောင်ပါ ပန်းရောင်သွေးအား ပန်းပင်များလိုက်ပြခဲ့ကျသည်။ ညနေသုံးနာရီလောက်တွင်တော့ အကုန်လုံးဗိုက်လည်းဆာပြီး ခြေကုန်လက်ပန်းကျလာရာ စားသောက်ဆိုင်တစ်ခုသို့ဝင်ထိုင်လိုက်ကျတော့သည်။ သူတို့တွေ အစားသောက်များမှာပြီး စောင့်ဆိုင်းနေချိန်တွင်တော့ ဇိမ်း၏ပြုံးဖြီးနေသောမျက်နှာကို ပျက်သွားစေမည့်လူတစ်ယောက်ပေါ်လာခဲ့တော့သည်။
ထိုလူကတော့ နဒီခင်ဆိုသည့်အမျိုးသမီးပင်။ သူမက သူမနှင့်အသက်မတိမ်းမယမ်းအရွယ်ရှိ အမျိုးသားတစ်ဦးကိုလက်ချိတ်တွဲထားပြီး ဇိမ်းတို့ရှိနေသည့်စားသောက်ဆိုင်ထဲဝင်လာခြင်းပင်။ အနီသွေးမှာလည်း သူမကြောင့်အံသြသွားသလို သူမကလည်းအနီသွေးကိုမြင်တော့ အံသြသွားပုံရသည်။ နောက်ဆက်တွဲကတော့ သူမဘေးကလူကိုလက်ချိတ်တွဲထားသည်ကို အမြန်လွှတ်လိုက်ခြင်းပင်။
STAI LEGGENDO
နှင်းဆီပုံပြင်/နှင်းဆီပုံပြင်(Completed)