part 20

2K 214 15
                                    


ပန်းခူးခြင်းပြီးတော့ ပန်းတွေအကုန်ကွပ်ပြစ်ပေါ်သယ်ပြီး အနီသွေးကပန်းစည်းဖို့ပြင်ဆင်ရင်း...

"မင်းပြန်လို့ရပြီ"

ထင်သားပဲ ပန်းခူးပြီးတာနဲ့နှင်ထုတ်မယ်ဆိုတာ။ သို့ပေသည့် ပြန်ခိုင်းတိုင်း
အင်း ဟုတ်ကဲ့လို့ပြောပြီး ထပြန်ရအောင်လည်း နောနော်ဇိမ်းတို့ကအဲလောက်အပိုးကျိုးမနေဘူး။

"ပန်းစည်းဦးမှာမလား ပို့မယ့်ပို့လည်း
အဆုံးထိပို့ပေးပါ့မယ် ကျွန်တော်လည်းအားနေတာပဲကို"

ပြောရင်း ဦးသွေးနဲ့မျက်နှာချင်းဆိုင်မှာ အတင်းဝင်ထိုင်ပြစ်လိုက်သည်။
တကယ်ဆို ဦးသွေးနားမှာထိုင်ချင်တာပေမယ့် ပန်းတွေကြောင့်မလို့ ရတဲ့နေရာလေးမှာပဲကျေနပ်လိုက်တော့မယ်။

အချိန်က မလင်းမချင်းအချိန်လေးဖြစ်ပြီး ထပ်တော့မနှင်ထုတ်တော့ပေမယ့် မကြည်ကြည့်တစ်ချက်တော့ရလိုက်သေးရဲ့။
ဦးအနီသွေးဆိုတာကအဲလိုပါဆို...။

"ဒါနဲ့ဦးသွေး ဦးသွေးက
အပင်တွေစိုက်ရတာကို တအားဝါသနာပါတယ်မလား ဒါပေမယ့် လက်သံကလည်းပြောင်သလိုပဲ ပုံမှန်ဆို အပင်စိုက်တဲ့လက်တွေက နူးညံ့တယ်မဟုတ်ဘူးလား"

"မင်းကိုဘယ်သူပြောလဲ အပင်စိုက်တဲ့လက်ကနူးညံ့တယ်လို့"

တကယ်တော့ စကားမရှိစကားရှာမေးပြီး ရင်းနှီးမူလေးတတ်အောင်လုပ်ဖို့ကြံထားတာ ။ဒါပေမယ့် ဦးသွေးပုံကြည့်ရတာစိတ်ကြည်နေတဲ့ပုံပဲ။ ကောင်းကောင်းမွန်ပြန်ဖြေလာတယ်လေ။
ဒီအတောတွင်း ဦးသွေးဒီလိုမျိုးကောင်းကောင်းမွန်မွန် စကားပြန်ပြောတာက ရှားတောင့်ရှားခဲဆိုတော့လည်း ဒီအခွင့်ရေးကိုလက်လွတ်ခံလို့ဘယ်ဖြစ်ပါ့မလဲလေနော်။

"မဟုတ်ဘူးလေ ဒီတိုင်း...
ဦးသွေး ငယ်ငယ်ကရန်ခဏခဏဖြစ်တယ်မလား ဟင်"

ပြောလိုက်လို့ ဖောင်းခနဲဒိုင်းခနဲထစိတ်ဆိုးမယ်ထင်တာ ။အဲလိုမဟုတ်တဲ့အပြင် ပြီတီတီကြီးပြုံးယောင်သမ်းလာတာတဲ့လေ။ စကားပြန်ပြောမလာပေမယ့် တကယ်ကိုချစ်ဖို့ကောင်းလိုက်လေခြင်းပဲ။

"ဟုတ်တယ်မလား
ထင်သားပဲ ဒီလောက်လက်သံပြောင်နေထဲက"

ရယ်ရင်းမောရင်း စတာလိုလို ​ပြောင်တာလိုလိုနောက်တာလိုလိုထပ်မေးလိုက်တော့ အနီသွေးကပြန်အဖြေပေးလာ၏။

နှင်းဆီပုံပြင်/နှင်းဆီပုံပြင်(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ