"ကိုကိုရေ!!"
"ဟဲ့ ကိုကို!!"
ခြေလှမ်းတွေက ဧည့်ခန်းမထဲ
သုတ်ခြေတင် ရောက်လာသည့်တိုင်..
အသံစူးစူးက
တစ်အိမ်လုံးပျံ့နှံ့ထွက်သွားသည့်တိုင်...
တုံ့ပြန်ခြင်းမှာ ဘာမှထူးမလာခဲ့။နောက်တစ်ကြိမ် ထပ်ဟစ်လိုက်သည်။
"ဟဲ့ Jungkook!!!"
"ဘာဖြစ်နေတာလဲ အငယ်
နင့်အသံချည်းပဲ တစ်အိမ်လုံး"အပေါ်ထပ်ကနေ တစ်လှမ်းချင်းဆင်းလာသော လူအေးကြီးကို တစ်ခွန်းတည်းပိတ်ပြောလိုက်သည်။
"ဟိုမှာ ဟိုကောင် မူးပြဲနေလို့တဲ့
ငါ့သူငယ်ချင်း ဘားမှာတွေ့တာ
အဲ့ဒါ-"စကားဟာ ပြီးမြောက်ခြင်းသို့ မရောက်လိုက်။
လှေကားထစ်တွေကို ကျော်ဆင်းပြီး
အိမ်ရှေ့ကို ဘယ်လိုရောက်သွားတယ်မသိ။ အိမ်တံခါးထောင့်က ခေါက်ထီးကို အလျင်ယူပြီး ခြံထဲမှ ကားဖြင့်အရှိန်ပြင်းပြင်း မောင်းထွက်သွားတော့သည်။နာရီကိုကြည့်တော့ ည ၈နာရီ ခွဲ။
ဟင်းလင်းကျန်နေတဲ့
အိမ်ခြံအပြင်ဘက်ကိုငေးရင်း မျက်ရည်က၀ဲတက်လာပြီ။Jeon Jungkook ညီမဖြစ်ရတာ ဘယ်တုန်းကမှ မလွယ်ကူခဲ့။
အထူးသဖြင့် အကိုဖြစ်သူကိုကြည့်ရင်း
တနုံ့နုံ့နဲ့အားမလိုအားမရဖြစ်ခဲ့ရတဲ့ ရက်စွဲတွေ။ နေ့တိုင်းနီးနီး အပျော်ယောင်ဆောင် ဝဋ်ဒုက္ခတွေနဲ့ နေသားတကျကြီး ပျော်နေသူကိုကြည့် သနားစိတ်၀င်ရတဲ့ အချိန်ကာလတွေ။ဒီလို ဒီလို နေ့ရက်တွေမှာ ဒီလို အသိလွတ်နေသူတစ်ယောက်လို ကမူးရှုးထိုးဖြစ်သွားတတ်တဲ့ အကိုဖြစ်သူကို လိုက်ကြည့်ပြီး ချရတဲ့ သက်မတွေဟာ အများပြီးရင်း အများပဲ။ ဘယ်တုန်းကမှ သောကကို နည်းနည်းပါးပါးလေး မပေးတတ်။
"နင် သူ့အနားတွယ်ကပ်နေရတာ
မငြီးငွေ့ဘူးလား
ငါ နင့်အစားထွက်ပြေးချင်လိုက်တာ"အသုံးမကျတဲ့ အကိုဖြစ်သူကို
အံတကြိတ်ကြိတ်နဲ့ ဒေါသဖြစ်ရတဲ့ နေ့တွေ။ အဲ့ဒီလူကို ကျိန်စာအခါခါတိုက် ကိုကို့အစားအများကြီး မျက်မုန်းကျိုးခဲ့ရတဲ့ နေ့တွေ။