7 (part 2)

1.3K 237 92
                                    

"Jeon!
ငါ့လက်တွေနာနေပြီ"

"လာခဲ့"

"ဘာဖြစ်နေတာလဲ
ငါ့လက်တွေနာနေပြီနော် Jeon Jungkook!!"

တကယ်နာနေပြီ..။
လက်ကောက်ဝတ်တစ်ခုလုံးကို မလွှတ်တမ်း
ဆုပ်ကိုင်ထားတဲ့ လက်ဖဝါးပူပူကြီးကြောင့်
တကယ်ကို နာကျင်နေပြီ။

ရှေ့လမ်းကိုပဲမဲလျှောက်နေတဲ့ ခြေလှမ်းတွေက အရှိန်လျှော့ဖို့ လမ်းမမြင်.. နောက်ဘက်က ဂျစ်ကန်ကန်ကောင်လေးကို လှည့်မကြည့်မစတမ်းသွားနေတဲ့သူဟာ နည်းနည်းလေးမှ
ညှာတာခြင်းမရှိ..။

Jeon ဘယ်တုန်းကမှ အခုလောက် မကြမ်းတမ်းခဲ့ဖူး.. မဟုတ်..
ဒီလိုဆက်ဆံတတ်ပါလားလို့ ဘယ်တုန်းကမှ မတွေးမိလောက်အောင် Jeonက အရာရာမှာ သိမ်သိမ်မွေ့မွေ့လေးပဲ ဖြစ်ခဲ့တာ။ အေးအေးဆေးဆေးနဲ့ ရေပြင်ညီကမ္ဘာလေးတစ်ခုမှာ ငြိမ်ငြိမ်သက်သက် မွေ့လျော်ခဲ့တာ။
Jeon Jungkookက အဲ့လိုကောင်လေး..။

အခုက သူမဟုတ်သလို ကြောက်ဖို့ကောင်းလွန်းနေသည်။ ကျောပေးထားတဲ့မျက်နှာကို
မမြင်ရပေမယ့် လက်ဖမိုးပေါ်က ထောင်တက်နေတဲ့ အကြောစိမ်းကြီးတွေက သန်သန်မာမာနဲ့ ထင်းလင်းလွန်းနေသည်။

အမှန်တိုင်းပြောရရင် လန့်ပါသည်..။

ဘာဖြစ်နေမှန်း မသိသလို..ဘာဖြစ်သွားမှန်း သိဖို့ မမှီလိုက်သည့်အတွက် တစ်ချိန်တည်းမှာ ပဟေဋ္ဌိတွေနဲ့အတူ စိတ်လည်းတိုနေရသည်။ သည့်တိုင်အောင် လက်သန်သန်ကြီးကို အားသုံးပြီး ဖြုတ်ချပစ်လည်းမရ..။
သူခေါ်ရာနောက် မရမကလိုက်ပါလာရတော့
ခန်းမအပြင်ရှိ ဓာတ်လှေကားဘေးနားထိ ရောက်လာသည်။

အဲ့ဒီတော့မှ လက်ကို လွှတ်သည်။

"ဘာလုပ်တာလဲ!!
ဟမ် ဘာထဖြစ်တာလဲ ရုတ်တရက်"

"အဲ့ဒါ ငါမေးရမှာ
မင်း ဘာလုပ်တာလဲ
လူကြားထဲ ဘာအရူးထပြီး
အခုလိုတွေ လျှောက်လုပ်တာလဲ
ပြီးတော့ ဘာလို့ ဒါကိုယူလာရတာလဲ!!"

"ဘာ!! အရူးထတယ်??
မင်း ငါ့ကို ဘယ်လိုလေသံနဲ့
ဘယ်လို မေးလိုက်တာလဲ Jeon Jungkook!"

"ငါ မေးတာကိုဖြေ!
ပြန်မမေးနဲ့"

တစ်ခါမှ မမြင်ဖူးဘူး..

Dear. Jeon Where stories live. Discover now