ဆိုဖာမှာငုတ်တုတ်ထိုင်နေသည့် ကြွက်စုတ်လေးထံ အခန်းထဲကသွားယူလာသည့် တဘက်ကို လှမ်းပစ်ပေးလိုက်သည််။
ရောက်လာကတည်းက စကားတစ်ခွန်းတစ်လေပင် မပြော။ ဝင်ခွင့်ပေးလိုက်တော့ မျက်နှာငယ်လေးနှင့် ခုံမှာဝင်ထိုင်ရင်း မှန်သားပြင်ထက်က ညမီးရောင်စုံတွေကို ငေးနေခဲ့တာ။ အခုထိ အဝတ်သေတ္တာကြီးလည်း နေရာမချရသေး။ သူထိုင်နေသည့် ခုံဘေးမှာ မတ်မတ်ရပ်လျက်သားအတိုင်း မပြောင်းလဲ။
"ဘာလို့လိုက်လာတာလဲ"
သူ့ခေါင်းသူတဘက်ဖြင့်သုတ်နေရင်း အသံကြားတော့ လက်ပိုက်ရပ်နေသူထံ မော့ကြည့်လာသည်။ ဆင်ထားတဲ့ မျက်နှာပေးက အပြစ်ဖို့ချင်သလိုလို အပြစ်ပဲတင်တော့မလိုနဲ့။ Jeon Jungkookတို့ မျက်လုံးကြီးတွေဆိုတာ စူးရှဝိုင်းစက်လို့။
"မင်းက ထွက်သွားတာကို"
မျက်နှာပြန်လွှဲသွားရင်း ခေါင်းဆက်သုတ်နေသည်။
"ငါ ဒီမှာမှန်း အဖေပြောပြတာလား"
"သွားမေးလာတာ"
"........"
ခေါင်းသုတ်ခြင်းအလုပ် အပြီးသတ်ခဲ့ချိန်မှာ
စုတ်သပ်သံ တစ်ချက်ကြားလိုက်ရသည်။"တကယ်ပဲ..
တစ်ယောက်တည်း နေခွင့်ကို မပေးဘူး
သယ်လာခဲ့ မင်းအဝတ်ထုတ်!"ရှေ့မှ ခပ်တန်းတန်းသွားနေသည့် ခြေလှမ်းနှင့် ကျောပြင်ကိုငေးရင်း နောက်က လိုက်လာခဲ့ရာမှ Jungkook စိတ်ချလက်ချ ပြုံးသည်။
"ပြန်လိုက်ခဲ့ပါလား".. ဆိုတဲ့ နားချစကားမျိုးကို နားမဝင်မှာသိလို့ တိတ်တိတ်ကလေးပဲ အလိုက်တသိနေလိုက်တော့ အတူနေခွင့်ရသွားသည်။
အိပ်ခန်းဆီ ဦးတည်ခေါ်ဆောင်သွားသူကလည်း တစ်ဖက်မှာ စိတ်ပျက်လက်ပျက် မျက်နှာလေးနှင့်။
"ကိုယ့်အိမ်ကိုယ်ပြန်"... လို့ နှင်ထုတ်လိုက်ခြင်းအမှုသည် ဘယ်လောက်ပဲ အမိန့်ဆန်ဆန် ထွက်လာပါစေ ဒီနေရာ ဒီတစ်ကြိမ်မှာတော့ အသုံးဝင်မှာမဟုတ်။ သူ့မူပိုင် သနားစရာမျက်နှာထားကို ဆင်ပြီး ပေကပ်ကပ်လုပ်နေမယ့် အရှုပ်ထုတ်အကြောင်းကို သိလို့ တမင် နေခွင့်ပေးလိုက်ခြင်း ဖြစ်သည်။