Hoonက စားပွဲပေါ်သို့ စာရွက်တစ်ရွက်တင်ပေးလာသည်။
Seokjin ယူကာကြည့်မိတော့ ၆လ သက်တမ်းရှိ စာချုပ်တစ်ခု။ စာချုပ်ထဲပါသည့် အကြောင်းအရာတွေကို ဖတ်နေရင်း မျက်နှာမှာ အရိပ်တစ်ခုဖြစ်သန်းသည်။
သူအခုလုပ်ချင်နေသည့် ဒီဇိုင်နာအလုပ်နှင့် အခုလက်ထဲရှိနေသည့် စာချုပ်က ဘယ်လိုဆက်စပ်မှုရှိသလဲ စဥ်းစားလို့မရတော့တဲ့အထိ။ နားမလည်နိုင်ခြင်းများကြောင့် မျက်နှာချင်းဆိုင်က မော်ဒယ်မျက်နှာကို ကြည့်မိသည်။
Hoonသည် ပေါ့ပေါ့ပါးပါး ပြုံးနေဆဲ။
"တစ်ခုခု လွဲနေပြီထင်တယ်"
ခေါင်းခါပြသည်။
"မလွဲပါဘူး..
ကိုယ်သေချာ စီစဥ်ထားရတဲ့ ကိစ္စကို"ဘာစကားကို ဆက်ပြီးပြောရမလဲမသိအောင် Seokjin ဒီအခြေနေကို အံ့ဩနေမိသည်။
စာချုပ်ကို နောက်တစ်ကြိမ်ထပ်ကြည့်မိပြန်သည်။ ဆုံးဖြတ်ရခက်သည့် အနေအထားမဟုတ်သည့်တိုင် စဥ်းစားရခက်အောင် အကြပ်ရိုက်ရသည်။
"ခင်ဗျားက..ကျနော့်ကို.."
"........"
"အင်း.. ကိုယ်က မင်းကို.. အဲ့လို.."
စိတ်ကမရှည်တော့။ ဆံပင်ထဲ လက်တွေလျှိုသွင်းပြီး သပ်တင်ပစ်လိုက်သည်။ တကယ် စိတ်အိုက်လာသည်။
"မဟုတ်ပါဘူး.. ဘာလို့
ကျနော်က ဘာအရင်းအနှီးမှ စိုက်စရာမလိုတာလဲ""မဟုတ်ဘူး.."
"ဘာလို့ ခင်ဗျားက ခင်ဗျားအတွက် အခကြေးငွေ မယူရတာလဲ
အခမဲ့ ဆိုတာကြီးက.. ပြီးတော့..
ချက်ချင်းကြီး.."စူးရှပြတ်သားသည့် ဗန်ဒါစေ့မျက်ဝန်းတွေက
Park Hoonကို ခွဲခြမ်းစိတ်ဖြာကြည့်နေသည်။ သို့ပေမယ့် ဘာအဖြေမှမတွေ့လို့ နားမလည်ခြင်းမှာပင် တဝဲလည်လျက်။"Baby အရင်းအနှီးစိုက်ထုတ်ထားရပါတယ်..
အခု ချုပ်လို့ရမယ့် ဒီဇိုင်းတွေအားလုံးကို
ငွေကြေးမဟုတ်ဘဲ လုပ်အားသဘောနဲ့
Baby အရင်းအနှီးလုပ်ရမှာလေ..""နောက်ပြီး ဒါ
ချက်ချင်းကြီးစီစဥ်လိုက်တာမဟုတ်ဘဲ
ကိုယ် ကြိုတွေးထားပြီးသား ကိစ္စပါ"