25 (part 1)

1.7K 210 60
                                    

ချစ်ကြည်နူး တစ်တီတူးရသည့် နေ့ရက်တိုင်းဟာ အဆိုးအဆာတို့အတွက် ရက်ရာဇာလို ချိုမြိန်နေခဲ့သည်။

အလုပ်ချိန်ပြီးတိုင်း ကုမ္ပဏီရှေ့ ရပ်နားပါကင်လေးမှာ ရပ်စောင့်တတ်ခဲ့သည့် ချစ်ရသူ၏ ပုံရိပ်လေးဟာ စိတ်အေးချမ်းမှုတို့ ကွန်းခိုရာရပ်ဝန်း..

ထိုပုံရိပ်လေးသည် တစ်နေ့တာ၏ အမောတွေကို ယူပစ်သလိုချိုးဖျက်နိုင်စွမ်းကြီးခဲ့သည်။

Jungkookမှာ နေ့လည်နေ့ခင်းနားချိန်တွေဆိုလည်း သူ့အလုပ်တွေပစ်ပြီး မရမကလာတွေ့တတ်လာသည်။ အပြစ်မဆိုချင်သလို တားဆီးဖို့နှုတ်ပိတ်နေခဲ့သည့်အကြောင်းဟာ အဆိုးအဆာ ကိုယ်တိုင်ကလည်း မတွေ့ရချိန်တိုင်းမှာ အရူးတစ်ပိုင်းနီးနီးမို့..။

ချစ်ခြင်းမှာ နားလည်မှု ယုံကြည်မှု ဖြည့်တွေးပေးနိုင်မှုတို့ အဓိကျလိမ့်မည်ဆိုသည့် ဒဿနတွေ ကြားဖူးသော်လည်း..
အထက်ပါ တစ်ခုနှင့်မှ မကိုက်ညီသော Kim Seokjin ၏ အကျင့်စရိုက်အတိုင်းကိုပင်
လူရိုးလေးမှာ တသွေမတိမ်း ချစ်စိတ်မပျက်
ချစ်မြဲချစ်ခဲ့သည်..။

"Jeonရေ ကော်ဖီလေးဖျော်ပေးပါဦး"

မသောက်ပါနဲ့ ပြောလည်း
အပြောပဲရှိသည် အလုပ်မပျက်။
စိုးရိမ်ပူပင်ရသည့်ကြားမှ ဖြည့်ဆည်းပေးချင်သည့် စိတ်ဟာ ဘာမဆို နာခံတတ်ခဲ့သည်။

အိမ်ပြန်ရောက်တိုင်း သူတစ်ယောက် မနားမနေလေ့လာဆည်းပူးတတ်သည့် ပိတ် ဖြတ်ပိုင်းစ အလွှာတွေကြားထဲမှာ သူ့အလိုကျ ကော်ဖီပူပူတစ်ခွက်ဟာ အမြဲအသင့်အနေအထား..။

"Jeonရေ ဗိုက်ဆာလို့ အသီးလေးခွဲကျွေးပါဦး"

အိပ်ခါနီးမှ ဗိုက်ကလေးက
ဆာတတ်ပြန်တော့ သူ့ခံတွင်းလေးရှင်းစေဖို့လည်း လူရိုးလေးမှာ အလိုက်တသိ..။

"Jeonရေ အကြောတွေကပ်နေပြီ
လုပ်ပါဦး.. လက်ကလှုပ်မရတော့ဘူး"

"Jeonရေ ဇက်ကြောလေးဆွဲပေးပါဦး..
ဟိုတစ်ယောက်က ငါ့ဆို မဟားတရားကို
ခိုင်းစားတာ.. လွန်လွန်းနေပြီ"

"Jeonရေ.. ပင်ပန်းလွန်းလို့
ဒီဇိုင်နာလည်းမလုပ်ချင်တော့ဘူး
မင်းနဲ့မြန်မြန်လက်ထပ်ပြီး မင်းကိုပဲယူချင်တော့တယ်"

Dear. Jeon Where stories live. Discover now