သန့်စင်ခန်းထဲ ကရောသောပါး ရောက်ချလာချိန်မှာ လေတောင်အနိုင်နိုင် ရှူနေရပြီမို့
အာခေါင်တွေဟာ ခြောက်ကပ်နေသည်။ဝင်လျှင်ဝင်ခြင်းပဲ ဘေစင်အောက်ဘက်ရဲ့ ထောင့်လေးထဲမှာ ငြိမ်ကုပ်နေသူကို တွေ့လိုက်ရသည်။
"Jeon!!"
ဒူးနှစ်ချောင်းကို ကျစ်နေအောင်ပိုက်ထားတဲ့ Jeon..
ခေါင်းငုံ့ မျက်လုံးတွေမှိတ်ပြီး တစ်ကိုယ်လုံးတုန်ယင်နေတဲ့ Jeon..
မျက်နှာဟာ သွေးမရှိ..နှုတ်ခမ်းတွေလည်းဖြူလျော်နေပြီ..ပြေးသွားလိုက်သည်..။
အနီးဆုံးအနေထားနဲ့ ဒူးထောက်ထိုင်ချပြီးမှာ
ပထမဆုံးအနေနဲ့ ..အေးစက်နေတဲ့
နားနှစ်ဖက်ကို လက်ဖ၀ါးတွေဖြင့်
ဖိအုပ်ပေးလိုက်ခြင်း..။နားဆီအုပ်ကိုင်ထားတဲ့ လက်တွေမှ
တစ်ဆင့် တုန်ယင်နေတဲ့တစ်ကိုယ်လုံးကို
ရင်ခွင်ထဲဆွဲသွင်း..ခေါင်းကို ရင်ဘတ်မှာ
မှီစေရသည်..။ပူနွေးသောဆံပင်တွေထံ မေးတင်ထားမိရင်း
တုန်ယင်နေတဲ့ ကိုယ်လေးကို
ခပ်တင်းတင်းဖက်ထားမိသည်။"ငါရှိတယ် Jeon..ငါရှိတယ်
နားမထောင်နဲ့
ဘာအသံမှနားမထောင်နဲ့
ပြီးသွားမှာ..ခဏလေးနဲ့ ပြီးသွားမှာ
ဘာမှမဖြစ်ဘူး"သူ့နား'သူ သိပ်သည်းစွာ အုပ်ကိုင်ပြီး
ရင်ခွင်ထဲပိုးတိုးဝင်သည်..
မျက်နှာကိုထိတွေ့မိတော့ အေးစက်နေဆဲ..ကိုယ်ဟာ တုန်ယင်နေဆဲ..
ဘာသံမှလည်း ထွက်မလာ..မထွက်နိုင်..
နှုတ်ခမ်းတစ်စုံလုံးက အားဖျော့စွာ
တုန်ခါနေသည်မှာ တဆတ်ဆတ်..။နောက်ပြီး..
Jeon မျက်ရည်တွေ ကျနေသည်။
"ဟာကွာ..."
စိတ်ထဲ ကျိန်ဆဲမိသည်။
တစ်သက်လုံး .. ဘယ်တော့မှ
မမြင်ချင်တဲ့ မြင်ကွင်းကို ပြောပါဆို..
ဒီကောင် မျက်ရည်ကျတာပဲ..
Jeon မျက်ရည်ကျတာကို
ကျနော် ခါးခါးသီးသီးကို မုန်းသည်..။"မငိုနဲ့ Jeon
ပြီးသွားတော့မှာ ခဏလေးပဲ
ဘာမှမဖြစ်ဘူး မငိုနဲ့!"ရင်ခွင်ထဲက မျက်ရည်တွေကျနေသူကို
ကြည့်ရင်း
စိတ်တိုလာသည်..ဒေါသဖြစ်လာသည်..