9

1.4K 218 63
                                    

အမှုန်အမွှားအဆင့်သာ ဖွဲကျနေသော မိုးပြေးတွေကြားထဲမှ ဘားထဲသို့ Jungkook အလောတကြီး အပြေးဝင်လာခဲ့သည်။

ကိုယ်မှာကပ်နေတဲ့ မိုးစက်မှုန်တွေကို မဖယ်အား.. စိမ့်နေအောင်အေးလည်း ရင်ဘတ်မှာက ကိုယ့်အပူနဲ့ကိုယ်..။ ကိုယ့်ကိုယ်ကို ဂရုမစိုက်နိုင်စွာပင် ရောက်လာရခြင်း အကြောင်းအရင်းကို ကျီးကန်းတောင်းမှောက် ရှာဖွေနေရသည်။

ရေတစက်စက်ကျနေတဲ့ ထီးကို ဆိုင်ထောင့်မှာထားပြီးမှ မြင််လိုက်ရတဲ့ ပုံရိပ်နှစ်ခုမှာ မျက်ခုံရိုးတွေစုကုပ်ကုန်သည့်အထိ.. သွေးပျက်သည်။ အသက်ရှူဖို့မေ့သည်။

အဲ့ဒါတွေပဲ။ မမြင်ချင်ဆုံး မြင်ကွင်းထဲမှာ ဒီလို ပုံစံတွေ ထိပ်ဆုံးကပဲ။ ဒါကြောင့်လည်း သူ့အဆက်တွေနဲ့ သွားတွေ့တိုင်း မလိုက်မိအောင် ထိန်းရသည်မှာ ခက်သည်။ အခု မြင်နေရတဲ့ ကျောပြင်ကတော့ သူ့အဆက်မဖြစ်နိုင်။ သူ့လို ဆံပင်ရှည်တွေနဲ့မို့ တစ်ခါမှမမြင်ဖူး။ တောက်တောက်ပြောင်ပြောင် နီညိုရောင်ဆံပင်တွေက ထုံးထားလျက်အတိုင်းမှာတောင် သပ်သပ်ရပ်ရပ်နဲ့ စိမ်းသက်နေလိုက်တာ။

အမူးသမားကတော့ အကုန်ပြေကျနေပြီ။ ကောင်တာပေါ်မှာ မှောက်ခုံလှဲချပြီး လက်ထဲက အရက်ခွက်ကို ရီဝေဝေကြည့်နေသည်။ ပါးစပ်ကလည်း တတွတ်တွတ်နဲ့ ဘာတွေပြောနေလဲမသိ။ တော်တော်လွတ်နေပြီ။

Seokjin စိတ်လွတ်ကိုယ်လွတ် ပြောနေတာကို ဟိုလူနားထောင်နေပုံဆိုပေမယ့်.. မလိုအပ်ဘဲ စည်းကျော်နေတာ ဟိုလူ့လက်တွေ။ ​မူးနေတဲ့အရှိန်ကြောင့် ပန်းရောင် ခပ်ပြေပြေသမ်းနေတဲ့ အမူးသမား မျက်နှာပေါ်က ဆံပင်လေးတွေကို စိတ်ပြေနပြေ သပ်တင်ပေးနေသည့် လက်တွေ။ လက်မခံနိုင်...။

နောက်ဘက်ကမြင်နေရသည်တောင် အရှိန်အဝါ တစ်ခုရှိနေသည့် ကျောပြင်။ သို့ပေမယ့် Kim Seokjin ကလွဲရင် အရေးအရာမဟုတ်လို့.. ဂရုမစိုက်အားလို့..
အနီးဆုံးအထိ Jungkook လျှောက်သွားလိုက်ပြီး ဆံပင်ပေါ်က လက်ကို ဆွဲဖယ်ပစ်လိုက်သည်။ နောက် ထိုမျက်နှာစိမ်းကို အကြည့်တစ်ချက်သာ ပေးသည်။ အံ့ဩသွားလား..စိတ်တိုသွားမလား တစ်ခုချင်းစီကို ခန့်မှန်းရလောက်သည့်အထိ သူ မအား။

Dear. Jeon Where stories live. Discover now