29 (part 2)

1.9K 209 67
                                    

မိုးသည်တစ်ညလုံးမတိတ်ခဲ့။

အဖျားမကျခဲ့သည့် ကိုယ်ပူပူလေးကိုလည်း
အဆိုးအဆာ တစ်ညလုံး မလွှတ်ခဲ့။

တိုကျိုရောက် အရှုံးသမားလေးမှာ
ဦးဦးဖျားဖျား ခွင့်သုံးရက်ယူကာ အနားယူခဲ့ရသည်မို့ Hanashiတောင်
ကိုယ်တိုင်ကိုယ်ကျ သတင်းလာမေးဖြစ်ခဲ့သည်။

သို့ပေမယ့် လူချင်းတွေ့ခွင့်မရှိပေ..

အဆိုးအဆာသည် ထိုအမျိုးသမီးအပေါ် ယုတ်ယုတ်လွန်လွန်ကို မြင်ပြင်းကပ်နေသည်ကို အကြည့်တွေမှလာသည့် အဓိပ္ပာယ်နှင့်ပင် Namjoonတို့သိသည်။

သူမ ရောက်နေမှန်း Namjoon လာအသိပေးတော့ အိပ်ခန်းထဲထိ လိုက်တွေ့ခွင့်မပေးသလို.. စကားတောင်ယှဥ်ပြောခွင့်မရ။ သတင်းလာမေးရုံမို့ ကောင်းတယ် မကောင်းသေးဘူး သိရုံနှင့်တော်ပြီ လို့ အဆိုးအဆာ ပြတ်သားပြလိုက်သည်။ ကိုယ်တိုင်လည်း ထွက်မတွေ့ခဲ့။

အရိပ်ပြအကောင်မြင်သည့် သူမမှာ
အဖွဲ့သားတွေနှင့်သာ စကားအနည်းငယ်ပြောပြီး သတင်းလာမေးခြင်းကိစ္စ တစ်ခန်းရပ်ခဲ့ရသည်။

.... .... ....

"အားနာစရာကြီး သက်ရယ်"

ဆေးတိုက်ရန်ပြင်နေသူ၏ ထောင့်ချိုးကျကျ
အကြည့်တစ်ခုကို အရင်ရသည်။

"ငါ့ကိုကျော်ပြီး သူများကိုပဲ
အားနာတတ်သေးတယ်ပေါ့..
မင်း အနား မညီးမညူနဲ့ နေ့ရော ညပါ အလုပ်ကျွေးပြုနေတာ အပြင်ကလူတွေ မဟုတ်ဘူးနော်.. မေ့ထားတယ်ထင်လို့ ပြောတာ ငါ ငါ..
မင်း ကောင်လေး ငါ အပင်ပန်းခံနေတာ
အားနာချင်းနာ အားနာခံရမယ့်သူက
ငါပဲဖြစ်ရမှာ"

ပြောပြောဆိုဆိုနှင့် ဆေးနှစ်လုံးကမ်းပေးပြီး
ရေတစ်ဖန်ခွက်ကို အသင့်ကိုင်ထားပေးသည်။

သူပြောတော့လည်း သူ့စကားပင်မို့
တန်ပြန်ဆိုတာ မရှိတော့ဘဲ Jungkook
ဆေးသာသောက်ပြီး မျက်စိရှေ့က ခပ်ဆိုးဆိုးအလှလေးကို ဒီအတိုင်းကြည့်နေမိသည်။

ရေခွက်ပြန်ယူပြီးကတည်းက မျက်တောင်မခတ်တမ်း တစိမ့်စိမ့်ကြည့်နေသူကြောင့်
အဆိုးအဆာတစ်ယောက် ရုတ်ချည်း ရှက်ရသည်။

Dear. Jeon Where stories live. Discover now