26 (part 1)

1.5K 206 50
                                    

ပွဲနေ့ဖြစ်သည်..။

စင်မြင့်ပေါ်မှာ သင်တန်းအတူတက်ခဲ့သည့်
အဖွဲ့သားတွေနှင့် အတူ Seokjin ရပ်နေသည်။ လက်ထဲတွင်လည်း ဂုဏ်ပြုပန်းစည်းဖြင့် သပ်သပ်ရပ်ရပ် ခန့်ခန့်ညားညား။

အဆိုးအဆာတစ်ယောက် ပျော်လို့မဆုံး တပြုံးပြုံးပဲ။

မျက်နှာသစ်ဒီဇိုင်နာတွေအတွက် သီးသန့်ဆိုတဲ့ ခေါင်းစဥ်အောက်မှာ မျက်နှာသစ် တစ်ယောက်ထက်ပိုသာနေတဲ့ သူ့စွမ်းရည်ကို ချပြခွင့်ရခဲ့သည့် နေ့ပင်။

သဘောကျကြသည်။ လက်ခံသည့် သဘောအနေအဖြစ် သူ့နာမည်နှင့် လျှောက်လှမ်းတွေပြီးတိုင်း ပွဲလာသူတွေ၏ ပါးစပ်ဖျားမှာ ပြောစရာတစ်ခု ထင်ကျန်ရစ်စေခဲ့သည်။

ကုမ္ပဏီရှိ မည်သူမည်ဝါကမှ ပစားပေးခြင်းခံရဖူးသည့် ဝင်ကစွပ်ကောင် လို့ တိတ်တိတ်ကလေး မခေါ်ရဲတော့..။ အထင်သေးသည့် အကြည့်တွေကို လက်နက်တစ်ခုအသွင် မပေးကမ်းရဲတော့..။ ​ကုမ္ပဏီကြီးတစ်ခုလုံးစာ အရှင်းကြီးငြိမ်ကျသွားတာမဟုတ်ပေမယ့်လည်း လုပ်ရည်ကိုင်ရည်နှင့်အရည်အချင်းကိုတော့ ယုံကြည်လို့ရကြောင်း ဖော်ပြနိုင်ခဲ့ပြီဖြစ်သည်။

ပွဲပြီးသွားခဲ့တဲ့အခါ
စင်မြင့်လယ်မှာ လက်ခုပ်သံတွေ ညံနေသည်။
RTR ၏ A List တန်းဝင်ကြီးက ရုပ်တည်ကြီးနှင့် ရှိုးပြခဲ့သမျှ အခုမှာမူ သွားစွယ်ကြီးတွေဖွေးတဲ့အထိ ပြုံးနေသည်မှာ လှရက်ပါပေ့။

ဘေးနားအားလုံးယှဥ်ရပ်နေရကြသည့်ထဲ
Seokjinကိုပဲ ချီးကျူးစကားတွေ လွှတ်ပြောနေသည်။ သိပ်တော်ကြောင်း.. လုပ်ပြနိုင်မယ်လို့ ယုံကြည်ထားခဲ့ကြောင်းနှင့် ဂုဏ်ယူမိသည့် စကားကောင်လေးတွေ အနားမှာအဆက်မပြတ်။

သူမက​တော့..
ပြောရလျှင် မတော်ချင်ခဲ့သည့် ဆရာကတော့..

သင်တန်းသားတိုင်းကို ပြုံးပြနှုတ်ဆက် ပွေ့ဖက်ဖြင့် စကားတွေပြောနေပြီး..
အဆိုးအဆာဘက်တော့ ခြေဦးပင် မလှည့်။

အဆိုးအဆာကလည်း အဖက်ပင်မလုပ်။ သူ့ဆီမလာတော့ ​မပြောချင်တဲ့ ကျေးဇူးတင်စကားလည်း ပြောစရာမလိုတော့..။ နားအေးသည်။

Dear. Jeon Where stories live. Discover now