22

1.8K 215 91
                                    

လွမ်းသည်...

ဆယ်စုနှစ်တာစောင့်ဆိုင်းသူ ဘဝမှ
ချစ်သူရည်းစားအဖြစ်သို့ ကျွတ်တမ်းဝင်ရောက်ရှိလာခဲ့သည့်အခါ ဘာအလုပ်မှမလုပ်နိုင်ဘဲ လွမ်းနာကျရပြန်သည်။

အိမ်ပြန်လာလျှင် တွေ့ရမှာ သိသည်..
မနေနိုင် မထိုင်နိုင် RTRကြီး၏ အဝင်အဝနားထိ အပြေးသွားခွင့် ရှိတာ သိသည်..
ဒါပေမယ့် အနှောင့်အယှက်ကို ကျနော်ကဖြစ်ဖြစ် မဖန်တီးမှ အသဲအသက်လေးက
အလုပ်ထဲ စိတ်နှစ်ထားလို့ရမည်။

နောက်ထပ် ဒါပေမယ့်ရလျှင်လည်း..
တစ်ချိန်လုံးနီးနီးကို ပွေ့ဖက်ထားချင်သည့်အထိ အသဲအသက်လေး၏ ကိုယ်သင်းနံ့လေး.. အသံစာစာလေး.. သူခေါ်ခဲ့သည့် ဘာမှန်းမသိ ချစ်စနိုးနာမည်လေးတွေ အားလုံးကို တစ်မနက်တည်းနှင့် လွမ်းတတ်ခဲ့သည်ကို မညာချင်ပါ။

အခု Jungkookလည်း အလုပ်မှာ..

သက်ပြင်းတချချနှင့် လဒမှိုင် မှိုင်နေသူသည်
စီနီယာတို့ ပွဲကျချင်စရာ အရင်းခံအကြောင်းတရားဖြစ်သည့် သူ့နှုတ်ခမ်းသူ
ထိထားရင်း ကွန်ပျူတာရှေ့ ငုတ်တုတ်..

ထိုအဖြစ်က Jeonအိမ်တော်မှာကတည်းက အစပျိုးလာသည်။

မနက်က နာနတ်ကတ်ကြီးနှင့် အိမ်ဘက်သွားတော့ ကလေးသုံးကောင်က ဂိမ်းဆော့နေရင်းမှ နှုတ်ခမ်းက အနာကို အကောင်ကိုက်လို့လား.. ဘာလားနှင့် နဝေတိမ်တောင်လုပ်ခဲ့ကြလေ၏။

စနောက်သည်ပဲဖြစ်ဖြစ်..
တကယ် မသိတာပဲဖြစ်ဖြစ်..
ဒီလောက်အနေထားဖြစ်နေလျှင် အကောင်ထက်ဆိုးတာ အကိုက်ခံရတာပါလား လို့
သူတို့လေးတွေ မတွေးတတ်တာ တကယ် အံ့ဩခဲ့ရသည်။

အခု ကုမ္ပဏီရောက်တော့ ဝါသမ္ဘာရင့်တွေချည်းမို့ ရှုထောင့်တစ်မျိုးပြောင်းသည်။

အဖွဲ့အတွက် သီးသန့်ပေးထားသည့် အလုပ်ခန်းထဲမှာ ဖန်တီးရမယ့် projectကို..
စိတ်ဝင်စားဖွယ်ကောင်းလောက်အောင် သွေးစို့နေတဲ့ Jeon Jungkookနှုတ်ခမ်းမှ ဒဏ်ရာက အပြတ်အသတ် အနိုင်ပိုင်းသွားသည်။

"မင်းSeokjinက လူရောဟုတ်ရဲ့လား..
ဘီလူးများ စီးနေသလား ငါ့ညီရာ"

ဆိုတဲ့ စီနီယာKim Namjoon နှစ်ထောင်းအားရပြောသည့် စကားဟာ ကျနော့် ချစ်သူလေးကို စော်ကားလွန်းရာ ကျခဲ့သည်။

Dear. Jeon Where stories live. Discover now