Jeonသည် အဲ့ဒီတစ်ညနေလုံး စကားသံတွေတိတ်ဆိတ်နေခဲ့သည်။
ကားကိုသာ အာရုံစိုက်မောင်းနေပုံက သူ့ကိုယ်သူထံ အားမရခြင်းတွေ အပြည့်အသိပ် ထိုးနှက်နေဟန်။
မနေနိုင်သူမှာ ဒေါကြီးမောကြီး အပြစ်တင်စကားတွေ မဆိုရက်တော့လို့ နံဘေးမှ ခပ်ငြိမ်ငြိမ်ထိုင်ရင်း သူ့ဘက်ပါအောင် ဆွဲယူထားမိသည့် လက်မောင်းကိုမှီကာ လိုက်ပါလာခဲ့သည်။
"အပြန်ကျ သောက်ကြမလား"
မေးမိသော် ခပ်တိုးတိုးလေးသံလေး "အင်း"... တစ်လုံးတော့ ပြန်ပေးသည်။
"မင်း စီနီယာတို့ကို ခေါ်ချင်ခေါ်နော်..
ကြားတယ်.. မနေ့က တစ်ဝိုင်းလုပ်ခိုင်းဖို့လှမ်းဆက်တာ""မခေါ်တော့ပါဘူး.. နောက်မှ အေးဆေးပေါ့"
"အင်း.. ဒါဆို နှစ်ယောက်တည်းနော်"
"အင်း"
ဘာဆက်ပြောရမှန်းမသိတော့လို့ လက်ဖဝါးလေးကိုသာ ထွေးထွေးဆုပ်ဆုပ် ယှက်တွယ်ထားမိတော့ Jeonသည် ဤအပြုအမူအပေါ် အဖြေရှာချင်ပုံမရ။
ဘေးတိုက်မျက်နှာလေးကို စိတ်မကောင်းစွာကြည့်မိတိုင်း ကားလမ်းမကြီးဆီသာ အာရုံအစုံအပ်နှံထားသူဟာ ရေငုံနှုတ်ပိတ် တိတ်ဆိတ်နေတော့တာ။
နေမထိထိုင်မသာကြီးဆိုပေမယ့်လည်း..
ကျနော်မှ ခံစားချက်တွေအတွက် လိုက် မခံစားပေးတတ်သည်ကို။
သိပ်ချစ်ရကြောင်း သက်သေပြဖို့
ကိုယ့်အလှည့်တကျော့ပြန်လာခဲ့ချိန်မှာ
လှစ်လို့ရသမျှ မခြွင်းမချန်ဘဲ ရှိရှိသမျှ
ပုံချစ်ပေးဖို့ သံဓိဋ္ဌာန်ချထားသည်.. ကျေနပ်စိတ်နှင့် တင်းတိမ်ထားသည်။ဒါဟာ ကြားကောင်းသည့် အကြောင်းပြချက်ဆိုပေမယ့်လည်း လက်တွေ့မှာ ထင်သလောက် မလွယ်သည်ကို ကြုံနေရသည်။
အများကြီးလိုနေသေး၏။
ကျနော်က သူ့ကို သိပ်ချစ်ရကြောင်း Jeon နားလည်လာအောင် ပေးရမည့် အချိန်တွေက အတိုင်းအတာတစ်ခုထိ ရှိနေဦးမည်။
သူ့ကိုသိပ်ချစ်ကြောင်း Jeon သိလာအောင်
အားငယ်စရာမလိုအောင် ချစ်ပြပေးမယ်လို့
ပြုမူပြ ဖွင့်ဟပြချင်သော်လည်း
လောလောဆယ်မှာတော့..