5

1.5K 228 66
                                    

စာအုပ်ကလပ်တစ်ခုနားရှိ cafeတွင်ဖြစ်သည်။

စာအုပ်တွေစုဆောင်းတတ်သည့်အပြင်
ကလပ်ရဲ့ အဖွဲ့ဝင်ဖြစ်နေသူ စီနီယာNamjoon..
Projectပိုင်းဆိုင်ရာအချို့ကို
ဆွေးနွေးသင့် ညှိနှိုင်းတိုင်ပင်သင့်မို့
နှစ်ယောက်ဆုံမယ့် နေရာချိန်းတော့..
စီနီယာက ဒီcafeသို့ ခေါ်သည်။

Cafeထဲဝင်ထိုင်ပြီးကတည်းက
ပုဂ္ဂိုလ်ရေးတွေ မပြောဖြစ်ကြ..
အိမ်တွင်းအောင်းရင်းမှ ရေးဆွဲပြီးခဲ့တဲ့
ကိုးကားချက်တွေနဲ့ ဇာတ်ကောင်တွေရဲ့ အခြေခံ highlightတွေကို ပြတော့
စီနီယာက သုံးသပ်သည်..
သူ့ dataတွေကိုပါ ချပြသည်။
ပြင်ဆင်ခဲ့ပြီးသော functionနှစ်ခုကို
တစ်ခုတည်းသော ပေါင်းစပ်မှုဖြစ်လာဖို့ တိတ်တဆိတ် ခေါင်းစားနေကြရသည်။

ဆိုင်ရဲ့ မှန်တံခါးကို လူဘယ်နှစ်ယောက်လောက် ဖြတ်လျှောက်ပြီးကြသည်မသိ..။
Laptop နှစ်လုံးကြား ခေါင်းနစ်နေသူနှစ်ဦးစလုံး ပြင်ပပတ်ဝန်းကျင်မှာ
အချိန်မည်မျှ ကုန်သွားသည်ကို
သတိမထားမိလိုက်ကြ..။

စားပွဲရှိ ဘလက်ကော်ဖီတွေ အေးကုန်ပြီ..
စာအုပ်ကလပ်ရှေ့မှ လိမ္မော်ရောင်မီးအိမ်လေးလည်း ခပ်မှိန်မှိန်လင်းထင်းနေပြီ..။

"အဆင်ပြေပါတယ်
ဒါ ငါတို့တတ်နိုင်သလောက်ပဲလေ
လုံလောက်ပါတယ်"

"မနက်ဖြန် Min Yoongiတို့ကိုပါ
ခေါ်လိုက်မယ်..မင်း ကောင်တွေကိုလည်းအသိပေးလိုက်ဦး"

စီနီယာသည် ဖိအားတစ်ခုရှိနေခဲ့သော
ဇက်ကို
ဆတ်ခနဲနှစ်ချက် လှည့်ချိုးသည်..
အေးစက်စက်ကော်ဖီကို
တစ်ကျိုက်တည်းမော့သည်။

Jungkook
laptopကို ခေါက်သိမ်းရင်းမှ..

"ဟုတ်ကဲ့
စီနီယာ ကလပ်ထဲဝင်ဦးမှာလား
အိမ်တန်းပြန်မှာလား မှောင်တောင်နေပြီ"

"အိမ်ပြန်မယ်လေ.. အော်
ဟုတ်သား မင်း ကားမပါဘူးနော်
ငါပြန်လိုက်ပို့မယ်"

"အာ နေပါစေ
ကျနော်က ရတယ်.. အိမ်နဲ့နီးတာကို"

"အေး
လွမ်းနေပြီလား"

"..ဗျာ"

"အင်း.. လွမ်းနေပြီပဲ
ပြန် ပြန် အိမ်ကိုမြန်မြန်
မင်း ငယ်နိုင်လေးဆီ မြန်မြန်ပြန်"

Dear. Jeon Where stories live. Discover now