21 (part 2)

1.6K 218 115
                                    

Hoonနှင့် ညှိညှိနှိုင်းနှိိုင်းရှိခဲ့ပြီးနောက်
အလုပ်ထွက်ပစ်မည့် အတွေးမှာ
လွယ်လွယ်ကူကူပဲ ပျောက်ပျက်သွားရသည်။

ဒါကြောင့် မနက်ကျ အလုပ်သွားရမည်။

အမေက အိမ်ပြန်လာနေဖို့ အတင်းကာရော
နားသွင်းခဲ့ပေမယ့် မပြန်ချင်ခဲ့..
တစ်ယောက်တည်းအားနှင့် ကိုယ့်ကိုယ်ကို ရှေ့ဆက်နိုင်သေးတယ်ဆိုသည့် ယုံကြည်ချက်ကြီးက ခိုင်ခိုင်မာမာမို့..
စိတ်ကျေနပ်လာမယ့် အချိန်ထိ ဒီအတိုင်း
လွှတ်ထားပေးဖို့ အသိပေးခဲ့လိုက်သည်။

နောက်တစ်ချက်က..
အိမ်ပြန်ရောက်သွားပြီဆိုရင်ပဲ ပူပူလောလော ချစ်သူလေးနှင့်လည်း အိမ်ရဲ့အရိပ်အောက်ကနေ နည်းနည်း အနေရခက်မယ့် အခြေနေတွေ ကြုံလာရနိုင်သည်။

လိုချင်တာက လွတ်လပ်မှု..
လွတ်လပ်မှုမှာ ကပ်ပါလာတာက ချစ်ချင်တဲ့စိတ်ဖြစ်နေတော့ ထိုစိတ်ကိုပါ အခြား ဘာအနှောင့်အယှက်နှင့်မှ ချုပ်လှောင်မထားချင်..။

စိတ်ရှိတိုင်းသာ ချစ်ပစ်ချင်သည်။

နောက်ပြီး..

Jeon Jungkook အခု ဘာဖြစ်နေသည် မသိ။

"Jeonရေ ဗိုက်ဆာတယ်!"

ထမင်းစားခန်းခုံမှာထိုင်..
မျက်နှာမူရာ နံရံကြီးကို ကြည့်ကာ လှမ်းအော်လိုက်သည်။

လေသာကုန်သွားတယ်.. တုံ့ပြန်မှုဆိုလို့
အစအနပင် ပြန်ဝေ့မလာခဲ့။

မကြားတာလား..
ကြားလျက်နှင့် တမင်ပြန်မဖြေတာလား လို့
အသည်းအသန် စဥ်းစားခြင်းဖြင့်
အဆိုးအဆာလေး လုံးပမ်းနေလိုက်သည်..။

Jeonသည်
ညနေ ဆေးရုံကို လာကြိုကတည်းက
စကားမပြောတာ..
အခု တိုက်ခန်းဆီ ပြန်ရောက်လာချိန်ထိ။

ဆိုင်းဘုံမဆင့်ဝင်လာသည်က
မနက်အစောကြီး ချစ်သူရည်းစားသဘာဝ ကြင်နာခွင့်တောင် မပေးလိုက်ဘဲ
နှင်လွှတ်ခဲ့မိလို့များ.. အခုလို မကောက်စဖူး
ကောက်နေတာလား ဆိုတဲ့ အတွေး..။

ခေါင်းထဲ ၁၀၀ရာခိုင်နှုန်း နေရာယူလာတဲ့ အဖြေက ဒီတစ်ခုတည်း ရှိလို့ ဒါကြောင့်ပဲ ဖြစ်မည်လို့ ထင်လိုက်သည်။

Dear. Jeon Where stories live. Discover now