မင်္ဂလာ ပွဲနေ့ ဖြစ်သည်။
မနက်ကတည်းက လာသမျှ အမေ့ ဧည့်သည် အဖေ့ ဧည့်သည် တီလေး ဧည့်သည် ..
ဧည့်သည်ပေါင်း သောင်းခြောက်ထောင်၏ မျက်နှာတွေကို မသိလည်း ပြုံးပြနှုတ်ဆက်နေရတာ နှုတ်ခမ်းမှာ အကြောသေတော့မည်။ဒီကြားထဲ အငယ်က သူ့သူငယ်ချင်းအပေါင်းပါတွေပါ ဖိတ်ထားလို့ ဘုစုခရုသေးသေးလေးတွေကအစ လိုက်ပြီး ဖော်ရွေ ပျူငှာနေရတာ။ Jeonတော့ ဘယ်လိုနေတယ် မသိ.. သူ့မှာ ပွဲလယ်မှာပင် ငုတ်တုတ်ကြီး ထိုင်အော်ပစ်ချင်သည့် အထိ ပင်ပန်းသည်။
Yoongiက အငယ်တို့ကြားထဲ ညှပ်နေသည့် သူ့သေးသေးလေးကို
မသိအောင် ဆွဲထုတ်ခေါ်သွားပြီး အခု ပွဲတစ်နေရာမှာ ရှိနေလောက်မည်။Namjoon တို့လည်း အုပ်စုလိုက်စုဝေးနေပြီး အခုထိ မပြန်သေး.. ညကျမှ ပိုသောင်းကျန်းတော့မယောင် အားတွေချန်ထားကြပုံပေါ်သည်။
Hoonလည်း ရှိနေသည်။ နံဘေးမှာ သူမ နှင့်။
သေသပ်တဲ့အနားကွပ်တန်းတွေနှင့် အနက်ရောင်ကုတ်အောက်က လက်သွယ်သွယ်တွေသည် Jungkook လက်အား လွှတ်ထွက်မတတ် ထွေးဆုပ်ထားသည်ကို Hoonတို့မြင်နေကြရသည်။
Hoonမှာ ဂုဏ်ပြုစကားပြောပေးခဲ့သည်မှ လွဲလျှင် Seokjinကို ခပ်ပြုံးပြုံးသာလှမ်းကြည့်တတ်ပြီး သူ့နေရာမှာသူ ငြိမ်သက်လွန်းနေခဲ့သည်။
"စီနီယာ.. Taehyungရော"
စီနီယာJung ရောက်လာတော့ ဘေးတွင် Taehyungမပါလို့ မေးမိသည်။
"သူ့အဘိုးတွေဆီ ခဏပြန်တယ်ကွာ..
ကြာပြီ တစ်ပတ်လောက်"ကြည့်ရတာ လွမ်းနေပုံပင်။ ဟက်ဟက်ပက်ပက်တောင် ပြုံးမပြနိုင်။ ဖိတ်တာကို လာပေးတာပဲ ကျေးဇူးတင်ရမည်မို့
ပျင်းနေမှာလည်း သေချာနေသူအဖို့ တော်ရုံတန်ရုံသာ လောကွတ်ချော်လိုက်ပြီး အကိုNamjoonတို့ဝိုင်းနဲ့အတူ ထားပေးလိုက်၏။ဘယ်သူတွေ အနားရောက်လာလာ..
ဘယ်သူတွေရှေ့ ဖြတ်လျှောက်ရ လျှောက်ရ..
အနားမှာ အတူလိုက်ပါလာတဲ့ တစ်ဦးတည်းသောလေး၏ လက်တွေကို အဆိုးအဆာတစ်ယောက် ကြင်ကြင်နာနာ ထွေးပွေ့ထားခဲ့မိသည်။