ပင်လယ် ကို စိတ်နာပစ်မလို့ တွေးထားပါသည်ဆိုနေ ဆရာသမားက ဒီနေရာကိုမှ ရွေးခေါ်လာတော့သည်။
"အဲ့လိုမှန်းသိရင် ငါ့ဘာသာငါ
စီစဉ်တယ်""ဒီအတိုင်း ငါးမျှားထွက်တာလို့ တွေးပါကွာ"
"ဟေ့ကောင် မတွေးနိုင်ဘူး!"
"အဲ့ဒါကြောင့်ပြောတာပေါ့..
ငါ့ကိုသိသလိုလိုနဲ့
တကယ်တမ်း မင်းဘာမှမသိဘူးလို့
ငါ ဒီနေရာကိုလာရင် ဘယ်သူတွေကို
ပြေးမြင်တယ်လို့ မင်းထင်လဲ ဟမ်!
သူများတကာ အမှတ်တရတွေ
သိမ်းခဲ့တဲ့ ဒီလိုနေရာမျိုးမှာ
ငါက ငါးထိုင်မျှားစရာလား!!""မသွားဘူး ပြန်မယ်"
"ဟာ ဘာဖြစ်တာလဲကွာ"
"ဘာမှမဖြစ်ဘူး လှည့်
အခုချက်ချင်း ပြန်လှည့်.. ပြန်မယ်"ရှေ့ကသဲလမ်းဖြူးဖြူးကို ကားမှန်မှထိုးဖောက်ကြည့်နေရင်း မလှုပ်မယှက်ကြီး ပြောလာတော့ သဘောတကျပြုံးမိသည်။
ငါးဖမ်းသမားလေးက တကယ်လည်း မပြန်ချင်ဘဲနဲ့များ...။ သူသိတာပေါ့။
ပုံတွေသာ မဆွဲတတ်ခဲ့ရင်
ငါးမျှားတာကို ဝါဿနာတစ်ခုလို မွေးမြူပြီး တယုတယလုပ်ကိုင်မယ့် ဒီကောင်လေးအကြောင်း။"အခု ပြန်လှည့်သွားလိုက်ရင်
ဘယ်သူ့ကိုမှ အပြစ်မတင်တတ်တဲ့
ပင်လယ်ကြီးကို အားနာပါကွာ
မဆိုင်ပါပဲ မင်းအပြစ်မြင်တာကို
သူခံရမှာလေ.. မသနားဘူးလား ""အားနာရအောင် ပင်လယ်ကြီးက
ငါ့ကို ထမင်းကျွေးနေလို့လား?
မင်းလောက် နှလုံးမလှလို့
တရားလာမချနဲ့ ပြန်မယ်ဆို ပြန်မယ်ပဲ
ကားကို အခုလှည့်!""သူ့အလှနဲ့သူ အေးချမ်းနေတဲ့
ဖြစ်တည်မှုလေးကို
စီနီယာတို့နဲ့ သက်သက်စီခွဲထားလိုက်ပါ
Seokjinရာ.. ငါတို့ အေးဆေး ငါးမျှားရအောင်""ပြီးတော့.."
"........"
"ငါက မင်းစိတ်ကို အေးချမ်းစေချင်လို့လေ"
"လေလှိုင်းသံ ရေခတ်သံတွေ ကြားထဲရှိတဲ့
ကျောက်ဆောင်ပေါ်ကနေ
မင်း ပေါ့ပေါ့ပါးပါး
ငါးမျှားနေမယ့် ပုံစံကိုပဲ မြင်ချင်တာ
ကန့်သတ်ထားတဲ့ နေရာတွေကျ
လူစည်လွန်းလို့လေ.."