23

1.7K 211 89
                                    

အဆိုးအဆာတို့ စိတ်အခြေနေသိပ်မကောင်း..

"အဲ့ အလုပ်ကထွက်မယ်"

ရင်ခွင်ထဲနစ်နေသည့် ကောင်ငယ်လေးကား နှုတ်ခမ်းတွေစူထားလျက်သား။

ပြီးခဲ့တဲ့ရက်ပိုင်းက အသံကောင်းဟစ်ထားသည့် အသဲအသက်လေးမှ ဟုတ်ပါရဲ့လားလို့
သေချာအောင် ပြန်ငုံ့ကြည့်ရသည်။

စိတ်ချမ်းသာလို့ ပြန်ပြည့်လာသည့်
ပါးဖောင်းဖောင်းလေးတစ်ဖက်ကို လက်ဖြင့်ပွေ့ကာ ခပ်ဖွဖွပွတ်ပေးတော့.. ရှိရင်းစွဲ ချယ်ရီဖူးက ပိုပိုစူလာ၏။

"ဘာဖြစ်လို့လဲ
အဆင်မပြေဘူးလား"

ကားရပ်နားရာ တစ်ဖက်လမ်းကနေမှ
RTR ကုမ္ပဏီဝင်းကြီးကို သစ်စိမ်းချိုးချိုးသည့် အကြည့်တွေပစ်လွှတ်နေပုံဟာ အလုပ်မဆင်းခင်အချိန်ထိ မီးစ'မွှေးခဲ့သည့် အသွင်ကိုဆောင်နေသည်။

အခုလည်း အလုပ်လာကြိုချိန်ကြီး..
တိုက်ခန်းပင် မပြန်ဖြစ်ကြသေးဘဲ
ကုမ္ပဏီတစ်ဖက်ကမ်းရှိ ကားလမ်းပလက်ဖောင်းနားမှာ ဖြစ်သည်။

ကားပေါ်တက်တက်ချင်းပဲ ရင်ခွင်ထဲတိုးဝှေ့ပြီး အလုပ်ထွက်မည့် စကားကိုပြောလာခဲ့ရာက ဂြိုလ်ဆိုးလေးစဝင်သည်။

"ကြည့်ပါဦး ငါ့လက်တွေကို"

ဆောင့်အောင့်နေသည့် အသံဟာ
သူအမှန်ဆုံးဆိုတဲ့ သဘောကို သက်ရောက်နေပြီး..လည်ဂုတ်ဆီတွယ်ဖက်ထားခဲ့သည့်
လက်ကလေးကို ဖြန့်ကာ ထောင်ပြလာသည်။

လက်မအပေါ်ဘက်ရှိ အရစ်ကြောင်းလေးမှာ
အရည်ကြည်ဖုသေးသေးလေး ထချင်သလို အရည်ပြားလေးရွဲနေတာမြင်ရတော့ ရင်ထဲမနေသာ..

"ကိုင်ရတဲ့ ကတ်ကြေးကြီးက
ဖိုက်ဘာစွပ်ကြီးနဲ့ကွာ..
ညှပ်ရတဲ့အသားက ရသမျှထဲ
အထူဆုံးအသား..
ခေါက်ချိုးမပြတ်အောင်လို့ ပေးထားတဲ့
ပိတ်ထပ်အတိုင်း တပြေးတည်းညှပ်ရတာ
ဘယ်လိုလုပ်ညှပ်နိုင်မှာလဲ"

"ပိတ်သားတွေက မတူဘူးလား"

"မတူဘူး
ကျရာအစကို ညှပ်ရပြီး ရတဲ့အသားနဲ့ ဝတ်စုံတစ်ထည်ဖြစ်အောင်လုပ်ရတာ challengeတဲ့.. သေချင်စော်ကိုနံရော"

Dear. Jeon Where stories live. Discover now