"ဘာဖြစ်တာလဲကွာ"
"ချွတ်ဆို!"
"အချိန်နီးနေပြီကိုသက်ရာ
ထားလိုက်ပါ ဒီအတိုင်း..""ဟေ့ရောင်! မရဘူးနော်!
အခု ချွတ်ဆိုချွတ်""ငါ့ဘာငါ ချုပ်ပေးပါမယ်ပြောတာကို"
"ဒါ အမေ တမင် လုပ်တာ.. ငါသိတယ်"
"........"
"Jeon!!"
"........"
"မျက်နှာကြီးမှောင်နေတာကိုပြင်စမ်း!
မင်းကြိတ်ခိုက်နေတာမလား!""အေး... ဒီပုံစံနဲ့ ပွဲတက်ရမယ်လို့
စိတ်တောင်မကူးနဲ့ သေသွားမယ်
ချွတ် အဲ့အင်္ကျီ!"သွားခါနီး လာခါနီးမှ အဆိုးအဆာတို့
စိတ်တစ်ခြမ်းထဖောက်သည်။Jeon Jungkook သေချင်စော်နံနေသည်။
မနက်က ရေချိုးခန်းထဲမှာ နှစ်ယောက်သား
ပွတ်သီးပွတ်သပ်လုပ်နေကြတုန်းက အကောင်း..သူတလှည့် ကိုယ်တလှည့် ကြေးတွန်းပေးလိုက် မွှေးမွှေးပေးလိုက်ဖြင့်
သာသာယာယာလေး ရေချိုးနေခဲ့ကြတုန်းက အကောင်း..ပြဿနာက ရေချိုးခန်းထဲက အထွက်
ဗီရိုရှေ့ကုတင်ရှိ တီမေ့လက်ဆောင် boxလေးထဲမှ အစပြုသည်။နီညိုနှင့်နက်ပြာ suitနှစ်ထည်အနက်
ရင်ဘတ် sizeနည်းနည်းကြီးနေသည့် နီညို
က သားJeon အတွက် နက်ပြာက ဆိုးပေအတွက် ဆိုပြီး မနေ့က တိုက်ခန်းဆီ အကူဖြင့် ပို့ပေးလာခဲ့သည်။မအားတဲ့ သူမကို အလုပ်ပေးမိသည်မို့ ကိုယ်တိုင်သွားယူမလို့ပေမယ့် နှစ်ယောက်စလုံးကလည်း မအားလပ်လို့ ပေးလာသည့် လက်ဆောင်ကို အိမ်တိုင်ရာရောက် ကျေးဇူးတင်စွာ လက်ခံလိုက်ရသည်။
အခုမှာမူ မဖိတ်ခေါ်ဘဲ ရောက်ချလာသည့် ပြဿနာကြောင့် ကျေးဇူးတင်ကြောင်းပင် ဆုံးအောင်ပြောခွင့်မရှိတော့..
"အပေါ်ကုတ်ထပ်ဝတ်လိုက်ရင်
မမြင်ရပါဘူးကွာ.. အရမ်းကြီးလည်း
နေရမကြပ်ပါဘူး.. သွားရအောင်လေ နော်
အချိန်ကနီးနေပြီ..ကားလမ်းပိတ်ရင်
မမီဘဲနေမယ်""ဆင်ခြေတွေမပေးနဲ့!
အပေါ်ကထပ်ဝတ်လည်း မင်းရင်ဘတ်ကြီး
ကြပ်ထုပ်နေတာကို အကွင်းလိုက်ကြီး
မြင်နေရတာက မြင်နေရတာပဲ..
ကြည့်စမ်း ကြယ်သီးက ပြုတ်ထွက်တော့မယ်.. အမကြီးကင်မ်ကွာ..!"