"Seokjin မှောင်နေပြီ
အဲ့လိုမလုပ်ပါနဲ့ဆို.. ငါတောင်းပန်တာပါ
အဲ့လိုမလုပ်ပါနဲ့""မနေဘူး..
မင်း လက်ကိုလွှတ်!"စိတ်ခံစားမှုပြင်းထန်တော့ လှမ်းသမျှခြေလှမ်းတိုင်းဟာ လိုရာကိုရောက်သည်။
အနောက်မှ ထပ်ကြပ်မကွာလိုက်ပါလာသည့်
ခြေလှမ်းတွေကလည်း သူ့နည်းတူ ဖျတ်ဖျတ်လတ်လတ်။လက်တွေကို ဆွဲရင်း တားရင်း တောင်းပန်နေသည့် Jungkook ကို Seokjin လှည့်မကြည့်။ ရှေ့ကိုပဲမဲလျှောက်လျက်ရှိသည်။ လက်ကောက်ဝတ်ပေါ်မှ ဖမ်းဆုပ်ထားသည့်
အချုပ်အနှောင်ကို ဂရုစိုက်ခြင်းမရှိ ဆောင့်ကာဖြုတ်တော့ Jungkook တစ်ဖန်ပြန်ဆွဲသည်။"နောက်ကို အငယ်အဲ့လိုမလုပ်အောင်
ငါက ထိန်းပါ့မယ် မင်းက ဒီတစ်ခါပဲ
နားလည်ပေးပါကွာ..
မပြန်ပါနဲ့ အရမ်းမှောင်နေပြီ""နားမလည်ပေးနိုင်ဘူး..
ငါ့ကိုသာ နားလည်ပေးဖို့ခွင့်တောင်းပြီး
အမှားလုပ်ထားတဲ့သူတို့ကျ
ငါ့အပေါ် နည်းနည်းလေးတောင်
နားလည်မှုမရှိဘူး..
လုံးဝ နားမလည်ပေးနိုင်ဘူး
လွှတ်စမ်းပါ ငါ အိမ်ပြန်မယ်"ထွက်မသွားဖို့ တားမရခြင်းများအဆုံး
ခြံပြင်သို့ နှစ်ယောက်စလုံး ရောက်မှန်းမသိရောက်လာရသည်။ခြံရှေ့ရောက်တော့ ကားတစ်စီးနှင့်ကားကိုမှီရင်း ရပ်စောင့်နေသူတစ်ယောက်ဟာ သူတို့နှစ်ဦးအခြေနေကို ရပ်နေဆဲအနေအထားမှ အတိုင်းသားစူးစမ်းသည်။
ရပ်နေသည့်လူကို အလုပ်မဟုတ်ဘဲ တမင်ဂျစ်တိုက်နေသည့် ကောင်လေးလည်း မမြင်သလို.. ထိုကောင်လေး၏ တဇွတ်ထိုးဆန်မှုကို ခြေဗလာနဲ့ သည်းကြီးမဲကြီး လိုက်တားနေသည့် ကောင်လေးကလဲ မမြင်။
ဘယ်သူမှဂရုမစိုက်အားပဲ ကျော်တက်သွားတော့မည့်အခိုက် Seokjinဆီ ဦးတည်ရင်း
နာမ်စားတစ်ခုကို ထိုလူခေါ်လိုက်သည်။"Baby?"
မသွားဖို့တားနေသည့် စကားသံလည်း ပျောက်ကွယ်ပြီး ဆက်လှမ်းမည့် ခြေလှမ်းတွေလည်း ရပ်တန့်ကုန်ကြသည်။
အသံလာရာဆီ နှစ်ဦးသားပြိုင်တူကြည့်မိတော့ သူတို့ရှိရာ လျှောက်လာသည့် ခြေလှမ်းတွေဟာ ဝင့်ဝင့်ကြွားကြွား။ တစ်လှမ်းစီတိုင်းမှာ အရှိန်အဝါတွေ တစ်ထစ်စီတိုးနေသလို အားမာန်အပြည့်ရှိနေသည်။