19

1.7K 230 170
                                    

ခင်ဗျားတို့ တစ်စုံတစ်ယောက်ကို
ကြာကြီး ရပ်စောင့်နေဖူးလား...

အဖြေမရှိသည့် မေးခွန်းကို
တစ်ယောက်တည်းမေးရင်း တစ်ယောက်တည်းဖြေခဲ့ဖူးသည့် နေ့စွဲများ။

လက်ချိုးရေလို့ မနိုင်တော့ပြီမို့
ဖြေနေကျလေးအတိုင်း ပြန်ဖြေခဲ့သည့်
တစ်ပုံစံတည်းသော အဖြေများ။

ရပ်စောင့်နေခဲ့သည်။

ရပ်စောင့်နေဖူးသည်။

အခုများကျ

ရပ် စောင့် နေ ခဲ့ ပြီး ပြီ.. လို့

တဆင့်တက်ပြီး ဖြေဖို့
နေ့တစ်နေ့တော့ရောက်ရှိလာခဲ့သည်။

တစ်စုံတစ်ယောက်လေးက ပြောဖူးသည်။

မမျှော်လင့်ထားတဲ့ ပြောင်းလဲမှုဟာ
မထင်မှတ်ထားချိန်မှာ ဖြစ်ပေါ်လာတတ်တယ် Jeon.. တဲ့ ။

ဒါဆို သူနားလည်အောင် ပြန်ပြောရမည်။

မမျှော်လင့်ထားတဲ့ တိုက်ခိုက်မှုဟာလည်း
အချိန်အခါမဟုတ် ကျရောက်လာလိမ့်မယ်... ဆိုပြီး ။

ဘဝဆိုတဲ့ ဝင်္ကပါကြီးက ရှင်သန်ရမယ့်
နေ့ရက်တိုင်းကို မြှုပ်ကွက်တွေနဲ့အတူ ဖြတ်သန်းခွင့်ပြုထားသည်။

မြင်ခွင့်ရှိပါလျက်နဲ့ မမြင်နိုင်ခဲ့သည့် အလွှာတွေကိုလည်း ဘဝက ဖုံးကွယ်ထားခဲ့တော့..
အချိန်အခါမတန်သေးလည်း ဆေးကြောပစ်ဖို့သင့်ပြီထင်လျှင် ဘာကိုမှ ငဲ့ကွက်မနေဘဲ
ဆေးကြောပစ်ဖို့ လိုသည်။

အရှုံးသမားတစ်ယောက်..

တစ်စုံတစ်ယောက်လေး မမြင်အောင်
ဖုံးထားခဲ့တဲ့
အလွှာတွေကို သူ ဆေးကြောတော့မည်။

တိုက်ခိုက်ဖို့ သူ အဆင့်သင့်ဖြစ်နေပြီ။

တိုက်ခိုက်မှုမှာ သုံးဖို့ သူပိုင်တဲ့လက်နက်ဟာ
တစ်ဘဝလုံး လှပ်မပြဖြစ်ခဲ့တဲ့ မြှုပ်ကွက်လေးတစ်ခုသာ ရှိသည်မို့..

တစ်ဖက်က တုံ့ပြန်လာမှုကို ရင်ဆိုင်ဖို့အတွက်
ရင်ဘတ်တစ်ခုလုံးလည်း
မိုးပြိုသံနှင့် တပြေးညီ ဗြောင်းဆန်နေပြီ..

Dear. Jeon Where stories live. Discover now