3

1.7K 264 168
                                    

နှလုံးသားလေးဟာ အချစ်ဦးဆီ
ခြေဦးပြန်လှည့်လာခဲ့သည်။

လူတစ်ယောက်အပေါ် သုံးနှစ်သုံးမိုး သဘောကျခဲ့တဲ့စိတ်ဟာ
အမြစ်မပြတ်နိုင်စွာ
ပြန်လည်ရှင်သန်လာတဲ့အခါ..
တွေးကြည့်ရုံနဲ့တင်  ရင်ဘတ်ထဲ
လှိုင်းတံပိုးတွေ ကူးလူးလာတဲ့အထိ
ပျော်ရွှင်မှုတို့ မဖုံးနိုင်မဖိနိုင်။

စီနီယာ Jungဆိုတာ..
လူကြီးလူကောင်းဆန်ဆန် အပြုအမူတွေနဲ့ ဖော်ရွေသူတစ်ယောက်။
နှစ်လိုဖွယ်အပြုံးတစ်ခုကို
ဖောဖောသီသီပေးကမ်းတတ်သလို..
မလိုအပ်ဘူးထင်လျှင်
လှည့်မကြည့်ဖို့လည်း ၀န်မလေးသူ..။

စိတ်နေစိတ်ထား​ဖြောင့်မတ်သည်။
နူးညံ့သိမ်မွှေ့သည်။ ယောကျာ်းပီသသည်။

လူမှုဆက်ဆံရေးနဲ့
တခြားရင်းနှီးကျွမ်း၀င်မှုအပိုင်းတွေ..
အားလုံးမှာ ၀င်ဆန့်ပြီး
ကျောင်းကနှင်းဆီခိုင်တွေထဲက
ရဲရဲနီဆုံး ပန်းတစ်ပွင့်ဖြစ်ခဲ့ဖူးတဲ့
ကွန်ပျူတာသိပ္ပံမှ မေဂျာ King..။

ဒါကိုက ကျနော့် type ဖြစ်ခဲ့တာ။ ​
သူ့အနေအထားနဲ့သူ
ဘယ်သူ့အကူညီမှမလိုဘဲ
လူတွေကြားထဲ တောက်ပနေတဲ့
စီနီယာရဲ့ ဖြစ်တည်မှုကို
သိပ်သဘောကျခဲ့ရတာ။
စတွေ့ဖူးစဥ်က စီနီယာ
လှိုက်လှိုက်လှဲလှဲ ပြုံးပြတဲ့ အပြုံးရဲ့နောက်ဆက်တွဲမှာ
ချစ်သူရည်းစားတစ်ယောက်လို
အနီးကပ်ဂရုစိုက်ခံချင်လာတဲ့အထိ
အဲ့ဒီယောကျာ်းအပေါ် စွဲလမ်းသွားခဲ့ရတာ။

မနူးမနပ်နှလုံးသားလေးရဲ့
စွဲလမ်းမှုရေချိန်အတိုင်းအတာကို
စီနီယာလည်း
အနည်းနဲ့အများတော့ ရိုက်ခတ်ခံခဲ့ရတာ သေချာပေါက်သိပါသည်။

ကျောင်းတက်စဥ်ကာလတစ်လျှောက်လုံး
မေဂျာချိန်ပြီးတာနဲ့ မိုင်နာချိန်တို့ဆို ကွန်ပျူတာသိပ္ပံဘက်ရောက်နေပြီ။
မိုင်နာတန်းတက်နေတဲ့
သူငယ်ချင်းကြီးနားထိုင်ပြီး
စီနီယာJung အတန်းရှေ့က
ဖြတ်လျှောက်သွားတဲ့အချိန်တွေကို
စောင့်ရတာ အမော။

အဲ့ဒီအချိန်တုန်းက ကျနော်ဆိုတာ
စိတ်ရှည်လက်ရှည်နဲ့ စောင့်ဆိုင်းရတဲ့
အလုပ်တွေမှာ  ပါရမီပါခဲ့သည့်အထိ..
မညည်းမညူ..။

Dear. Jeon Where stories live. Discover now