ဒီမနက်လေးတင်ပဲစီနီယာတို့ဆီထွက်လာရင်း
အိမ်ခဏဝင်မယ် ဆိုသူကြောင့်
သူ့အလိုကျ အိမ်ဘက်လိုက်ပို့ပေးရသည်။Seokjin မျက်နှာလေးလန်းနေသည်။
ခဏ ခဏ ပြုံးနေသည်။
မနက်မိုးလင်းကတည်းက အစောကြီးနိုးပြီး တက်ကြွနေသူဟာ
သီချင်းလေးတညည်းညည်းနဲ့...။သွားတိုက်တော့လည်း အပြုံးမပျက်..
မျက်နှာသစ်တော့လည်း အပြုံးမပျက်..
မနက်စာစားနေချိန်အထိ တစ်ယောက်တည်း ပြုံးနေခဲ့သူဟာ ပေါ့ပေါ့ပါးပါး။သူ့အတွေးနဲ့သူ ကြည်နူးနေခဲ့သူကိုငေးရင်း
မနက်ကတည်းက
သက်ပြင်းတချချနဲ့ ရင်ဘတ်တစ်ခုလုံးဟာ လေးလေးလံလံ။ ဘယ်သူမှမကြားနိုင်တဲ့ ဆုတောင်းသံတွေကလည်း
ကျနော့်တစ်ကိုယ်စာ တိတ်တိတ်ဆိတ်ဆိတ်...။တင်းခံရင်း.. စိုးထိတ်ရင်း.. ရင်ထဲလေးပင်နေမိပါတယ်။
အိမ်ရောက်တော့ လှေကားထစ်တွေပေါ်
လွှားခနဲ ခုန်ရင်း
တက်သွားလိုက်တာများ အပြေးအလွှား...။"သားJeon..
ဟိုဟာလေး စောစောစီးစီး
ဘာဖြစ်လာတာလဲ...
တစ်ပတ်လေးနေမှ တစ်ခါတောင်
အိမ်ပြန်မကပ်ဘူး အခု ပြန်တွေ့ရတော့လည်း
စပ်စလူးထနေတယ်"ဆိုင်သွားတော့မယ့် တီမေက ထမင်းစားခန်းထဲမှ ထွက်လာရင်းမေးသည်။ ကုမ္ပဏီသွားတော့မယ် ဦးလည်း ဧည့်ခန်းထဲမှာ ရှိနေသည်။
ကျနော် အပေါ်ထပ်ကို လိုက်မသွားဖြစ်။
တီမေ့ဘေးဝင်ထိုင်လိုက်ရင်းသာ.."သူ ပျော်နေတာ တီမေ"
"ဟင်
မင်း ဘာတွေအလိုလိုက်မိပြန်ပြီလဲ""သား ဘာမှအလိုမလိုက်ထားပါဘူး
အခုတလော သူ့အတွက်
အချိန်မပေးနိုင်လို့
တစ်ယောက်တည်းဖြစ်နေရှာတာ..
ဒီနေ့က..""သူ.. ပျော်စရာရှိလို့ ပျော်နေတာနေမှာ"
တီမေတို့ကို အတွေးမများစေချင်.. လွယ်လင့်တကူ ပြောလိုက်တော့ တီမေက နှာခေါင်းရှုံ့ရယ်သည်။ ပုခုံးကို လာဖိသပ်ပေးသည်။
"စိတ်မမှန်တဲ့ဟာလေးက
ပျော်နေတာဆိုတော့ သားJeon
အများကြီး သက်သာတာပေါ့ မဟုတ်ဘူးလား"